လူငယ့်​အားမာန်​ပညာဥာဏ်

" လူငယ့်အားမာန် ပညာဥာဏ် "

ပညာ သမာ ၊ အာဘာ နတ္ထိ
ကဝိ သခင် ၊ ပညာရှင် တို့
ဆင်ခြင်ဥာဏ်ပေါက် ၊ ခရီးဖောက်ခဲ့
အံ့လောက်ဖွယ်ရာ ၊ ဂါထာဆန်းဂိုဏ်း
ထန်ကရိုဏ်းဖြင့် ၊ ဆင်တိုင်းတင့်သား။

ဆင့်ဆင့်ကမ်းလာ ၊ ဆန်းကဗျာခေတ်
ပညာရှင်များ ၊ လွန်တောက်ကြွားခဲ့
ဆောင်းပါးဝတ္ထု ၊ သီကုံးပြုသည့်
စာစီအလှ ၊ ကဗျာသလို့
ဖေါ်ပြမော်ဒန် ၊ ခေတ်ရှေ့သန်၏။

တိုင်းမြန်ပြည်ကျော် ၊ အွန်လိုင်းပေါ်၌
ရွှင်ပျော်ကြည်အေး ၊ ထင်ရာရေးက
ပြည်ရေးမက်ဆေ့ ၊ မှားယွင်းလေ့က
နောင်နေ့လူငယ် ၊ အသွယ်သွယ်မှာ
ဘုံတောင်သာခေါက် ၊ မြစ်ရင်းပျောက်သို့။

ဆိတ် ဖျောက် ပျက် ပြယ် ၊ စာပေနယ်တွင်
ကလယ်ကလယ် ၊ တွယ်ရာမဲ့သား
ရေနည်းငါးသွင် ၊ ပညာသင်များ
နစ်ဝင်ငုတ်လျှိုး ၊ မိုက်မှောင်တိုးက
တို့မျိုးတို့ပြည် ပျောက်လိမ့်မည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်