လာလမ်း
" လာလမ်း "
သင့်ကိုယ်ပင် သင့်အကြောင်း
သင်သာကောင်း သင့်အမြင်
သင်ကောင်းဟုထင်။
မာနရွှင်ရွှင်
စိတ်အစဉ် ဘဝင်မြင့်။
တန်ခိုး အာဏာ ရယ်နှင့်
ထင်တစ်ရာ မွှေးထုံမွှမ်းလို့
လွှမ်း တလွင့်လွင့်။ ။
အစမှာ ဗလာက
စရတဲ့ ဤလူ့ပြည်
ပြောတိုင်းမတည်။
ကံကိုမှီ
ဥာဏ်အဆီ မြှင့်တွေး။
စားဝတ်နေ သေးနုတ်နုတ်ဖြင့်
ချွေးထုတ် ခဲ့သေး။ ။
ဘဝမမေ့ပါနှင့်
လူ့ဓလေ့ သင်ခန်းစာ
သင့်လာ လမ်းမှာ။
အသိရှိ ထိမိစွာ
သင့်ဝန်တာ ပြန်တွေး။
ဂုဏ်အင်္ဂါ ခဝါချပါလို့
မာန ချုပ်ပေး။ ။
" သစ်ရိပ်ညို "
သင့်ကိုယ်ပင် သင့်အကြောင်း
သင်သာကောင်း သင့်အမြင်
သင်ကောင်းဟုထင်။
မာနရွှင်ရွှင်
စိတ်အစဉ် ဘဝင်မြင့်။
တန်ခိုး အာဏာ ရယ်နှင့်
ထင်တစ်ရာ မွှေးထုံမွှမ်းလို့
လွှမ်း တလွင့်လွင့်။ ။
အစမှာ ဗလာက
စရတဲ့ ဤလူ့ပြည်
ပြောတိုင်းမတည်။
ကံကိုမှီ
ဥာဏ်အဆီ မြှင့်တွေး။
စားဝတ်နေ သေးနုတ်နုတ်ဖြင့်
ချွေးထုတ် ခဲ့သေး။ ။
ဘဝမမေ့ပါနှင့်
လူ့ဓလေ့ သင်ခန်းစာ
သင့်လာ လမ်းမှာ။
အသိရှိ ထိမိစွာ
သင့်ဝန်တာ ပြန်တွေး။
ဂုဏ်အင်္ဂါ ခဝါချပါလို့
မာန ချုပ်ပေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment