နင်​​ပြေး​တော့​ဝေး

" နင်ပြေးတော့ဝေး "

လေသစ္စာ မဒီကညာမ
ချွေလှစ်ကာ သူညာလှပေါ့
စီကာပြ မောင့်ဘဝမှာ
ခဏခဏသာ ကိုယ့်အလိုတွေး
ရှေ့နောင်ရေးလဲ မကြိုဆို
သူ့စိတ်အလို။

ငိုသာငို ပြိုပါပေါ့ရင်ထဲ
ခင်မတွဲ လေသမျှ
ရင်ထဲ အခြေမကျနိုင်ဘု
မချင့်မရဲ စာသလို့ဆို
မောင့်စိတ်အလို။

သူပန်လို မေတ္တာပန်းကိုဖြင့်
ချွေလိုကချွေ
ကြွေစေကကြွေ
စိတ်တိုတွေ လျော့ပါဦးကွဲ့
ချော့မော့တုန်း ပြေစေချင်
ခင်မကြင်လျှင် ဝေးမယ်ပဆို
တွေးဆပို အသိပေး။

စိတ်ဓာတ်ကျ
မှိတ်မရသည့် အိပ်ယာ
ဆေးကူတာ ဘာမီတွန်လည်း
တစ်ပုလင်းခွဲပြီမို့
နေရင်းဆဲ မချစ်ရင်ပြေးမယ်(ကွယ်)
တေးနဲ့ဟစ်ကြွေး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်