ချင့်ချင့်ချိန်ချိန်
” ချင့်ချင့်ချိန်ချိန် ”
လူပုံလယ် ပိုင်ပိုင်
မဏ္ဍပ်တိုင် စိုက်ရင်ကွဲ့
ဟိုမှာရွဲ့ ဒီမှာစောင်း
ကောင်းမကောင်း အထွေထွေ
ရောယှက်နိုင်ပေ။
ပေါ်လွင်ဖို့ ခိုင်ခိုင်
မဏ္ဍပ်တိုင် တက်သည်နှင့်
အပုတ်ရည် အနံ့ဟောင်း
သောင်းဗြောင်းစု လူ့အခြေ
ဖြေမပြေ နိုင်သေး။
သတိထား ပါကွဲ့
ထင်ရှားပေါ် ကျော်ကြားလောက်ချင်လည်း
အမြင်မှားသော် မော်ကြွားမှောက်မည်ပ
ကြင်မကြင် ဆင်ခြင်စရာတွေမို့
သွင်ပြင်မှာ အယူမတိမ်းရအောင်
ထိန်းသိမ်း ချင့်တွေး။ ။
” သစ်ရိပ်ညို ”
လူပုံလယ် ပိုင်ပိုင်
မဏ္ဍပ်တိုင် စိုက်ရင်ကွဲ့
ဟိုမှာရွဲ့ ဒီမှာစောင်း
ကောင်းမကောင်း အထွေထွေ
ရောယှက်နိုင်ပေ။
ပေါ်လွင်ဖို့ ခိုင်ခိုင်
မဏ္ဍပ်တိုင် တက်သည်နှင့်
အပုတ်ရည် အနံ့ဟောင်း
သောင်းဗြောင်းစု လူ့အခြေ
ဖြေမပြေ နိုင်သေး။
သတိထား ပါကွဲ့
ထင်ရှားပေါ် ကျော်ကြားလောက်ချင်လည်း
အမြင်မှားသော် မော်ကြွားမှောက်မည်ပ
ကြင်မကြင် ဆင်ခြင်စရာတွေမို့
သွင်ပြင်မှာ အယူမတိမ်းရအောင်
ထိန်းသိမ်း ချင့်တွေး။ ။
” သစ်ရိပ်ညို ”

Comments
Post a Comment