တည်​ငြိမ်​ခြင်း

” တည်ငြိမ်ခြင်း ”

အချိန်တန် အရွယ်ထောက်
သေပျောက်ဖို့ ပြင်ဆင်
သွေဖောက်လို့ မြေရင်ခွင်ဝယ်
စေနှင်ရာ ရောက်မြဲ။

အနိစ္စ ထိုထိုသဘောက
ရှောင်သော်ကော ရနိုင်လိမ့် ခဲ။

ဒုက္ခကို ကျော်ဖြတ်ရင်းဖြင့်
ကွေကွင်းရမည် မလွဲ။

အနတ္တရင်း အစိုးမရဘဲရယ်နှင့်
စိတ်အစွဲ ဖယ်ခွာ။

ကံစိတ်ဥတု အဟာရညီမျှစေကွဲ့
စိတ်အတ္တ မတွဲကြစေရာ။

ဒိဋ္ဌဓမ္မ များသတ္တာရယ်
ပွားမေတ္တာ ပို့မြဲဟာမို့
ဆို့အသည်း ခိုင်ခိုင်ကြည်
ထားတတ်ရမည်။

သံသရာ ခရီးသည်ပီပီ
မငြီးပြီ ယိုယွင်းလို့လေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်