လှေသူကြီး

” လှေသူကြီး ”

ရေဘောင်ဘင်စီးပါလို့
လှေကြီးနှင့်ရွက်လွှင့်ကာ
ခရီးထွက်ခွာ။

လှေစီးငယ် အဏ္ဏဝါ
ဆက်ခါသာ လှော်မြဲ။

စေလိုရာ ဘဝခရီးသည်
အပြီးနှင်ဆဲ။ ။

လှေသူကြီး
လှေကြီးရဲ့ အရှင်။

မိုးလေသာ လိုရာခရီးသို့
အပြီးသာနှင်။

လှေထိုးသား ပဲ့ကိုင်ရှင်
ရွက်တိုင်စင် ကြိုးဆွဲ။

စေညွှန်ရာ အားကုန်သုံးလို့
ရုန်းကြစေမြဲ။ ။

ဒီခရီးမှာဖြင့်
မငြီးငြူစေရာ။

ဥာဏ်ကိုလွှာ အမိန့်သုံး
ထုံးနည်းကျစွာ။

ကြိုးစားကြ ညီညီညာ
အဏ္ဏဝါ ခရီး။

မုန်တိုင်းဝင် မိုးဆင်မသက်ခင်
ရွက်လွှင့်လှေကြီး။ ။

သောသောငယ်ညံ
ရှင်လိင်ပြန် သည်လေပြင်းတို့
မာန်ဟုန်ခွင်း ဆင်းအလာ
လှိုင်းထန်လှစွာ။

သူကြီးမောင် သတ္တိခဲရဲ့
ဇွဲလုံ့လ နှိုးဆွ ပုံက
အားရဖွယ်ရာ။

ရွက်ကိုစေ လှေလှော်ထိုးစေဖို့
ကြိုးစားကြ မိန့်မှာကာ
နေရာချ အင်အား။

အဏ္ဏဝါ ဘဝခရီးသည်
မပျက်စီး ခရီး တွင်တွင်ဆက်စေဖို့
ရင့်ကျက်လျက် ကျွမ်းကျင်စွာ
ရေလုံးဖြာ တောင်ပုံလှိုင်းတို့လို
မိုးမုန်တိုင်း လေလျှင်သက်ပေမယ့်
ဆက်လက်ကျော်လွှား။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်