မိဂုဏ်​ဖဂုဏ်​ဆရာ့ဂုဏ်

” မိဂုဏ်ဖဂုဏ်ဆရာ့ဂုဏ် ”

ဖမိစုံ ဝိုင်းအုံလို့ဖေး
နွေးနွေးထွေးထွေး။
သံသရာ ဘဝလမ်းမှာ
ငြိမ်းချမ်းလို့အေး။

လိမ္မာပါ ငယ်ရွှေသွေးရယ်
အေးအေးဆေးဆေး။
ပညာဥာဏ် အလင်းရောက်အောင်
ထွင်းဖောက်ကွဲ့လေး။

နားထောင်ကွဲ့ ရွှေစင်လေး
ယဉ်ယဉ်ကျေးကျေး။
မျိုးရိုးဂုဏ် လုံခြုံလောက်အောင်
စောင့်ရှောက်ရွှေသွေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်