အေးမြချမ်းသာ​မေတ္တာသာ

" အေးမြချမ်းသာ မေတ္တာသာ "

စိတ်အစာကို သတိချပ်
အသိမှတ်ကြ ပညာ
ဝေနေရာ ဖွေရှာတာက မီး
ရှုမငြီးကြ ချစ်ရင်ပြင်မှာကွယ်
နှောင်ကြိုးဆင် ဘယ်မမြင်တော့
ဇွတ်တိုးလို့ဝင်။

ဥစ္စာမြင် တဏှာမင်လို့
လိုချင်လှသေး။

တဏှာခင်
ဆင်ခြင်ကြ နှလုံး
တသက်လုံး ကိုယ်မပိုင်ကွဲ့
မက်လုံးဆိုင် ချို့ဖြေသိမ့်ကြပါပေါ့
သက်ဆုံးတိုင် မေတ္တာရေး နဲ့
ချွေးသိမ့်တော့အေး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်