သူဌေးဖြစ်ရမည်
" သူဌေး ဖြစ်ရမည် "
သားနဲ့သမီး ၊ ရှုမငြီးပေ
ဖေကြီးဆီမှာ ၊ မေးမြန်းလာ၍
နည်းနာသူဌေး ၊ ဖြစ်ဖို့ရေးတွက်
ဘယ်ရေးဘယ်ပုံ ၊ ကျင့်ရတုံဟု
လူ့ဘုံလူ့ဘောင် ၊ ပြ၍ဆောင်အံ့။
ပူလောင်ပြင်းပြ ၊ ကန္တာရ၌
ပါးလျဖိနပ် ၊ တိုနောင့်ပြတ်သော်
စွန့်အပ်သည်ဟု ၊ ထင်၏လော။
ရန်ငြိုး ခက်ထန် ၊ ဒေါသ မာန်နှင့်
ကံ ဥာဏ် မိတ်လျင်း ၊ ညာဆွေကင်းမဲ့
ထုံ ပျင်း ခေါက်ခက် ၊ အသိနက်လှ
ကျင့်ပျက်ဣနြေ္ဒ ၊ မေတ္တာ သွေက
စိတ်နေမိုက်မှောင် ၊ တိမ်းညွှတ် ဆောင်လျှင်
မအောင်ဥစ္စာ ၊ ပျက်စီး ရာတည့်။
ပညာရှိ အား ၊ မပစ်မှားနှင့်။
ဥစ္စာစောင့်ငြား ၊ မမိုက်မှားနှင့်။
သဒ္ဓါနည်းပါး ၊ မုန်းရန်ပွား၏။
ဥာဏမထုတ် ၊ တန်ခိုးဆုတ်၏။
နှုတ်လျှာမတည် ၊ မပီကြမ်းထော်
လျှပ်ပေါ်ပါငြား ၊ တန်ခိုးပါး၏။
ရေလိုမီးလို ၊ ကျင့်စေလို၏။
ရှေးကြောင်းကံကျိုး ၊ ဥစ္စာတိုးက
လျှို့လျှိုးဆပွား ၊ စုဆောင်းအားဖြင့်
တိုးပွားသင့်ပေ ၊ ကျင့်အပ်စေ။
သေရည်သောက်စား ၊ လောင်းကစားနှင့်
ပျော်ပါးညဥ့်မှာ ၊ ပွဲကြိုက်ခါဖြင့်
ပေါင်းကာလူမိုက် ၊ ပျင်းရိကြိုက်မူ
မထိုက်ဥစ္စာ ၊ ပျက်စီး ရာတည့်။
ကံဥာဏ်လုံ့လ ၊ ဝီရိယနှင့်
ပြည့်ဝ သတ္တိ ၊ ဇွဲမာန်ရှိစွာ
ကျိုးစားပါမူ ၊ အဘယ်သူများ
သူဌေးအားလျှင် ၊ တား၍ရနိုင်ပါအံ့နည်း။ ။
" သစ်ရိပ်ညို "
သားနဲ့သမီး ၊ ရှုမငြီးပေ
ဖေကြီးဆီမှာ ၊ မေးမြန်းလာ၍
နည်းနာသူဌေး ၊ ဖြစ်ဖို့ရေးတွက်
ဘယ်ရေးဘယ်ပုံ ၊ ကျင့်ရတုံဟု
လူ့ဘုံလူ့ဘောင် ၊ ပြ၍ဆောင်အံ့။
ပူလောင်ပြင်းပြ ၊ ကန္တာရ၌
ပါးလျဖိနပ် ၊ တိုနောင့်ပြတ်သော်
စွန့်အပ်သည်ဟု ၊ ထင်၏လော။
ရန်ငြိုး ခက်ထန် ၊ ဒေါသ မာန်နှင့်
ကံ ဥာဏ် မိတ်လျင်း ၊ ညာဆွေကင်းမဲ့
ထုံ ပျင်း ခေါက်ခက် ၊ အသိနက်လှ
ကျင့်ပျက်ဣနြေ္ဒ ၊ မေတ္တာ သွေက
စိတ်နေမိုက်မှောင် ၊ တိမ်းညွှတ် ဆောင်လျှင်
မအောင်ဥစ္စာ ၊ ပျက်စီး ရာတည့်။
ပညာရှိ အား ၊ မပစ်မှားနှင့်။
ဥစ္စာစောင့်ငြား ၊ မမိုက်မှားနှင့်။
သဒ္ဓါနည်းပါး ၊ မုန်းရန်ပွား၏။
ဥာဏမထုတ် ၊ တန်ခိုးဆုတ်၏။
နှုတ်လျှာမတည် ၊ မပီကြမ်းထော်
လျှပ်ပေါ်ပါငြား ၊ တန်ခိုးပါး၏။
ရေလိုမီးလို ၊ ကျင့်စေလို၏။
ရှေးကြောင်းကံကျိုး ၊ ဥစ္စာတိုးက
လျှို့လျှိုးဆပွား ၊ စုဆောင်းအားဖြင့်
တိုးပွားသင့်ပေ ၊ ကျင့်အပ်စေ။
သေရည်သောက်စား ၊ လောင်းကစားနှင့်
ပျော်ပါးညဥ့်မှာ ၊ ပွဲကြိုက်ခါဖြင့်
ပေါင်းကာလူမိုက် ၊ ပျင်းရိကြိုက်မူ
မထိုက်ဥစ္စာ ၊ ပျက်စီး ရာတည့်။
ကံဥာဏ်လုံ့လ ၊ ဝီရိယနှင့်
ပြည့်ဝ သတ္တိ ၊ ဇွဲမာန်ရှိစွာ
ကျိုးစားပါမူ ၊ အဘယ်သူများ
သူဌေးအားလျှင် ၊ တား၍ရနိုင်ပါအံ့နည်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment