မောင့်​ချစ်​ဦးနှင့်​စံပယ်​ဖြူ

" မောင့်ချစ်ဦး နဲ့ စံပယ်ဖြူ "

အိမ်ပတ်လည် ခြံစည်းရိုး
မေပျိုးတဲ့ စံပယ်ရုံ
ဖူးပွင့်တို့စုံ။

ပျံ့ဝတ်မှုံ
သုန်ပါတဲ့ လေပြေညင်းရယ်
သင်းရနံ့ထုံ။

ဖြူလွှဆင်း
သန့်ရှင်းစွ စံပယ်ငုံ
ဆွတ်လှမ်းကြုံ ပွင့်ဖူး။

ချစ်ဦးသူ ခင်နှမနဲ့
ဖူးပွင့်စ စံပယ်ဖြူ
ဟန်တမူ ယဉ်ကာလှတယ်
ဆံနွယ်ကြူ ကေသာဦးမှာလ
မြူးစွင့်လွန့်လူး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်