မိုး​ရေ

” မိုး ရေ ”

တိမ်တခို ပြာညိုမှိုင်း
အုံ့ဆိုင်းငယ့် မှုန်ရီ
မိုးစွေပြီ သည်ရက်လေး
လွမ်းရေးဖြင့် မညီ။

စိမ့်စိမ့်လေး အေးပြန်ပေါ့
တေးသံကျော့ မပီ့တပီ
တိမ်ပန်းချီ လျှပ်သီချုန်း
မိုးလုံးပြန့် သံပြိုင်စီ။

မှောင်ရီဝေ ဝိုးတဝါး
မိုးသားတို့ ကျလို့ကြွေ
မိုးစက်ရေ တဖြောက်ဖြောက်
ကခုန်ပေါက် စီရရီ
သူငိုနေပြီ ​ပေပဲ။

စီးရစ်ခွေ တစ်ချက်မနား
အထက်နားမှ အောင်ဖက်ဆီ
လှည့်သွားကြ မိုးရေကြည်
တည်မှီရာ သည်မြေအလွှာ မှာဖြင့်
ရေလွှာပြန့်ကျဲ။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်