လှူတတ်ရင်မြတ်၏
” လှူတတ်ရင် မြတ်၏ ”
ရေဘေးတဲ့ကွယ်
လှူကြမယ် လှူကြပါကွယ်။
မီးဘေးတဲ့ကွယ်
လှူကြဟယ် လှူကြစို့ရယ်။
မြေငလျင် ဒါဏ်သင့်ကွယ်
ပြိုစေတယ် ဘုရားများ။
တစ်မြို့နယ် တစ်ဆူဘုရားကို
သွားလှူစို့လား။ ။
ရှေးဂုဏ်ရည် မြန်ပြည်အမျိုးတို့
မုဆိုးမ ဘုရားတည်
တို့ ပုဂံပြည်။
မြို့တစ်ရွာ တစ်စေတီတည်
ပြုပြင်မည် တစ်ဆူအား။
ဒီအရေးမှဖြင့်
ကူဖေးပြင် ညီတူသိုင်းဖွဲကာ
ဝိုင်းလှူစို့လား။ ။
” သစ်ရိပ်ညို ”
ရေဘေးတဲ့ကွယ်
လှူကြမယ် လှူကြပါကွယ်။
မီးဘေးတဲ့ကွယ်
လှူကြဟယ် လှူကြစို့ရယ်။
မြေငလျင် ဒါဏ်သင့်ကွယ်
ပြိုစေတယ် ဘုရားများ။
တစ်မြို့နယ် တစ်ဆူဘုရားကို
သွားလှူစို့လား။ ။
ရှေးဂုဏ်ရည် မြန်ပြည်အမျိုးတို့
မုဆိုးမ ဘုရားတည်
တို့ ပုဂံပြည်။
မြို့တစ်ရွာ တစ်စေတီတည်
ပြုပြင်မည် တစ်ဆူအား။
ဒီအရေးမှဖြင့်
ကူဖေးပြင် ညီတူသိုင်းဖွဲကာ
ဝိုင်းလှူစို့လား။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment