မိတ်ဆွေများနေ့ကိုဂုဏ်ပြုခြင်း
" မိတ်ဆွေများနေ့ ကို ဂုဏ်ပြုခြင်း "
စည်းတဖက်သားကာ
နီးလျှက်နဲ့များ ဝေးကွာလှ
တွေးကာဆ ရှုသိဖွယ်
ရေးကာပြ သမုဒယတွယ်သည်
ယခုဘဝတွင် ဘက်တစ်ချမ်းစီပါ့
မျက်ကန်းသွင် မမြင်ရှာလို့
ယူငင်ကာ သူဖန်ဆင်းရင်ဖြင့်
မှန်ကြည့်ရင်း အလှပြင်မှကွယ်
ဆန့်ကျင်ဖက်ချင်း။
မိတ်ရင်းလျှင်
သန္ဓေခြင်း က တူနှစ်ဖြာ
မသွေခြင်း အယူမှာ ညီလှရဲ့
ဂုဏ်ခြင်းဟာ တူသော်လည်းကွယ်
ကူဖေါ်မြဲ တွဲလျက်သာ
မခွဲခွာ အမြဲသာ ဆုံမှတ်တူပေငဲ့
မယုံမှတ် စရာ ဘက်သည်ခြား ပြန်တော့
ငိုရီအား ပြုံးငြိုငြင်
မျက်ရည်သွင် ပြိုင်ဖြိုင်ဖြိုးရတယ်(ကွယ်)
မျိုးမိတ်ဆွေရင်း။ ။
" သစ်ရိပ်ညို "
စည်းတဖက်သားကာ
နီးလျှက်နဲ့များ ဝေးကွာလှ
တွေးကာဆ ရှုသိဖွယ်
ရေးကာပြ သမုဒယတွယ်သည်
ယခုဘဝတွင် ဘက်တစ်ချမ်းစီပါ့
မျက်ကန်းသွင် မမြင်ရှာလို့
ယူငင်ကာ သူဖန်ဆင်းရင်ဖြင့်
မှန်ကြည့်ရင်း အလှပြင်မှကွယ်
ဆန့်ကျင်ဖက်ချင်း။
မိတ်ရင်းလျှင်
သန္ဓေခြင်း က တူနှစ်ဖြာ
မသွေခြင်း အယူမှာ ညီလှရဲ့
ဂုဏ်ခြင်းဟာ တူသော်လည်းကွယ်
ကူဖေါ်မြဲ တွဲလျက်သာ
မခွဲခွာ အမြဲသာ ဆုံမှတ်တူပေငဲ့
မယုံမှတ် စရာ ဘက်သည်ခြား ပြန်တော့
ငိုရီအား ပြုံးငြိုငြင်
မျက်ရည်သွင် ပြိုင်ဖြိုင်ဖြိုးရတယ်(ကွယ်)
မျိုးမိတ်ဆွေရင်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment