အသိအရှိ
” အသိ အရှိ ”
မွှေးလျှင်ပန် နံလျှင်ပစ်
ချစ်မချစ် ကိုဖယ်။
လှစ်ဟသည့် စာအကြောင်းက
ကောင်းမကောင်း ရွေးချယ်။
သိရှိကြ များလူငယ်
ဆိုလိုရွယ် ချင့်တွေး။
ကောင်းတာနှင့် မကောင်းတာ နှစ်ပါးကို
ခွဲခြားဖို့လေး။ ။
အာရုံငါးပါး
မထားနှင့်ဟု မဆိုလို။
သဘာဝ ကပေးတဲ့အချင်း
မွေးရင်း အရှိကို။
လွန်းကျူးမိ လာပြီဆို
ကိုသာပို ဒုက္ခငရဲ။
သတိထားနိုင်ပါမှ
အသိတရား ဆင်ခြင်ရဖွယ်
အဂတိမတွဲ။ ။
အရှိကို သိထားလို့
အသိများ ပွားစေ။
အသိကို လက်ကိုင်ထားလို့
အရှိအား ပွားလေ။
မကောင်းမှု ရှောင်စေ
ကောင်းမှုတွေ ဆပွား။
အဂတိ ရိုက်ချိုးဖြတ်ကွယ်
မျိုးမြတ်နွယ်ဖွား။ ။
” သစ်ရိပ်ညို ”
မွှေးလျှင်ပန် နံလျှင်ပစ်
ချစ်မချစ် ကိုဖယ်။
လှစ်ဟသည့် စာအကြောင်းက
ကောင်းမကောင်း ရွေးချယ်။
သိရှိကြ များလူငယ်
ဆိုလိုရွယ် ချင့်တွေး။
ကောင်းတာနှင့် မကောင်းတာ နှစ်ပါးကို
ခွဲခြားဖို့လေး။ ။
အာရုံငါးပါး
မထားနှင့်ဟု မဆိုလို။
သဘာဝ ကပေးတဲ့အချင်း
မွေးရင်း အရှိကို။
လွန်းကျူးမိ လာပြီဆို
ကိုသာပို ဒုက္ခငရဲ။
သတိထားနိုင်ပါမှ
အသိတရား ဆင်ခြင်ရဖွယ်
အဂတိမတွဲ။ ။
အရှိကို သိထားလို့
အသိများ ပွားစေ။
အသိကို လက်ကိုင်ထားလို့
အရှိအား ပွားလေ။
မကောင်းမှု ရှောင်စေ
ကောင်းမှုတွေ ဆပွား။
အဂတိ ရိုက်ချိုးဖြတ်ကွယ်
မျိုးမြတ်နွယ်ဖွား။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment