နေဝင်ချိန်
” နေဝင်ချိန် ”
ဝပ်ဝပ် ဝူးဝူး ၊ အသံစူး နှင့်
ဝက်ရူး ၏ခြံ ၊ သောသောညံ ၏။
ကြက်ခြံ ကလည်း ၊ ငန်း ဝမ်းဘဲ သို့
သဲသဲ လှုပ်အော် ၊ တကျော်ကျော် ပင်
ကတော် ဂတ်ဂတ် ဆူညံ တတ်၏။
ငတ်ပြီ ဆိုက ၊ ခြံတွင်း မှပင်
တမ်းတ မျှော်ကိုး ၊ အော်သံပျိုး လျက်
ငုတ်လျှိုး မရှိ ၊ ပကတိ အသွင်
ဝမ်း၏ ပူဆာ ၊ မနေသာ၍
အော်ကာ မျှော်တ ၊ နေကြ ရသည်။
လိုတ ရစွာ ၊ ဝက်သတ် ပါလို့
ဟင်းလျာ ကြက်သား ၊ ဝမ်းဘဲ များကို
နေ့ခြား မရှိ ၊ သတ်စားဘိ လျှင်
ပီတိ သွားရေ ၊ လျှာကို မွှေလို့
စားထွေ ကောင်းစွ ၊ ကျေနပ်ကြ ၏။
သူ ဆာ သတ်စား ၊ အိမ်မွေး များမူ
လားလား မကြည့် ၊ မေ့လျော့ ဘိလျက်
အသိ မကူ ၊ ရက်စက် သူမျိုး
ရှိရိုး လူတွင် ၊ ကြမ္မာငင် မည်
နေဝင် ချိန်လေး မဝေးပြီ။ ။
” သစ်ရိပ်ညို ”
ဝပ်ဝပ် ဝူးဝူး ၊ အသံစူး နှင့်
ဝက်ရူး ၏ခြံ ၊ သောသောညံ ၏။
ကြက်ခြံ ကလည်း ၊ ငန်း ဝမ်းဘဲ သို့
သဲသဲ လှုပ်အော် ၊ တကျော်ကျော် ပင်
ကတော် ဂတ်ဂတ် ဆူညံ တတ်၏။
ငတ်ပြီ ဆိုက ၊ ခြံတွင်း မှပင်
တမ်းတ မျှော်ကိုး ၊ အော်သံပျိုး လျက်
ငုတ်လျှိုး မရှိ ၊ ပကတိ အသွင်
ဝမ်း၏ ပူဆာ ၊ မနေသာ၍
အော်ကာ မျှော်တ ၊ နေကြ ရသည်။
လိုတ ရစွာ ၊ ဝက်သတ် ပါလို့
ဟင်းလျာ ကြက်သား ၊ ဝမ်းဘဲ များကို
နေ့ခြား မရှိ ၊ သတ်စားဘိ လျှင်
ပီတိ သွားရေ ၊ လျှာကို မွှေလို့
စားထွေ ကောင်းစွ ၊ ကျေနပ်ကြ ၏။
သူ ဆာ သတ်စား ၊ အိမ်မွေး များမူ
လားလား မကြည့် ၊ မေ့လျော့ ဘိလျက်
အသိ မကူ ၊ ရက်စက် သူမျိုး
ရှိရိုး လူတွင် ၊ ကြမ္မာငင် မည်
နေဝင် ချိန်လေး မဝေးပြီ။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment