ပုံပျက်​ပန်းပျက်

” ပုံပျက် ပန်းပျက် ”

ကမ္ဘာမြေ
နေစရာ တစ်နေရာလေးတောင်
မပေးနိုင်အောင်ပါပဲလား။
ဘဝယာဉ် အို ခရီးသည်
ငြီးငွေ့ဖွယ် မြေမာလမ်းဘေးမှာ
ပေးမျှတောင်းစား။

ရေဇလာ
မြေယာမရှိလေအောင်လို့
ရေလွှာချည့် ကြံဆောင်ထား။
မိုးတိမ်က မှိုင်းညို့စွာဖြင့်
တွင်တွင်သာ ရေယာဉ်ဝိုင်းတယ်
လှိုင်းခပ်ဖြတ်သွား။

မြေငလျင်
အခြေတင် ပြောစရာမကျန်အောင်ကွယ်
ရုန်းကန်လှုပ်ရှား။
ကပ်ကမ္ဘာ
သံသရာ ဆုံးစေမည်ဖြင့်
ရှောင်ပေးပါ
သာသနာ မညှိုးလိုပြီမို့
မြို့စေတီ ဝန်းရံစုပါတဲ့
တို့ ... ပုဂံဘုရား။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်