ဝတ်လွှာရုံ
” ဝတ်လွှာရုံ ”
နှလုံးသား နုလွှာကြည်
ဇာခြည်မေလေး။
ဒီနာမည် ပန်းဆီသွေးနှင့်
နှင်းဆီမလေး။
မြဖူးတံညို
ရွှန်းစိုလဲ့အေး။
မယ့်ကေသာ နှင်းဆီဖူး
ခူဆွတ်ပန်ပေး။
ပြုံးလဲ့ငယ်ခင်
ဆင်ယဉ်နုသွေး။
နှလုံးအိမ် ပီတိသင်းတယ်
ညင်းသွဲ့လေအေး။
စိတ်ထားကောင်းတဲ့ ဇာခြည်ရေ
ပန်းဆီမွှန်းတဲ့
ပန်းနှင်းဆီလေးရယ်။
နှင်းဆီကြိုက်တယ်
ဟုတ်
ဒါဆို နှင်းဆီဖူးလေး
မောင်ခူးလာတယ်။
ပန်ပေးမယ်နော်
ဇာခြည် ပြုံးနေတယ်။
ဪ..
နှင်းဆီမွှေးတဲ့ သူရယ်
ဘေးနားက ဖြတ်လျှောက်လာတဲ့
လေပြည်အေးက
ကိုယ်သင်းနဲ့ နှင်းဆီ
အနံ့လေး
သယ်လာတယ်။
နှလုံးအိမ် မှာ ပီတိကလေး
ဆတ်ကနဲ ခုန်သွားတာ
မြင်လိုက်လား ချစ်သူ။
” သစ်ရိပ်ညို ”
နှလုံးသား နုလွှာကြည်
ဇာခြည်မေလေး။
ဒီနာမည် ပန်းဆီသွေးနှင့်
နှင်းဆီမလေး။
မြဖူးတံညို
ရွှန်းစိုလဲ့အေး။
မယ့်ကေသာ နှင်းဆီဖူး
ခူဆွတ်ပန်ပေး။
ပြုံးလဲ့ငယ်ခင်
ဆင်ယဉ်နုသွေး။
နှလုံးအိမ် ပီတိသင်းတယ်
ညင်းသွဲ့လေအေး။
စိတ်ထားကောင်းတဲ့ ဇာခြည်ရေ
ပန်းဆီမွှန်းတဲ့
ပန်းနှင်းဆီလေးရယ်။
နှင်းဆီကြိုက်တယ်
ဟုတ်
ဒါဆို နှင်းဆီဖူးလေး
မောင်ခူးလာတယ်။
ပန်ပေးမယ်နော်
ဇာခြည် ပြုံးနေတယ်။
ဪ..
နှင်းဆီမွှေးတဲ့ သူရယ်
ဘေးနားက ဖြတ်လျှောက်လာတဲ့
လေပြည်အေးက
ကိုယ်သင်းနဲ့ နှင်းဆီ
အနံ့လေး
သယ်လာတယ်။
နှလုံးအိမ် မှာ ပီတိကလေး
ဆတ်ကနဲ ခုန်သွားတာ
မြင်လိုက်လား ချစ်သူ။
” သစ်ရိပ်ညို ”
Comments
Post a Comment