သူသိပါစေ
” သူသိပါစေ ”
ရင်မှငုံဖူး ၊ မြရည်လူးသည့်
တိမ်ခြူးသဉ္ဇာ ၊ ချစ်ရိပ်လွှာကို
ဖြူပြာချစ်သဲ ၊ မြင်နိုင်ဘဲနှင့်
ရင်ထဲမွှေနှောက် ၊ မျက်ရည်ပေါက်သာ
တောက်လျောက်စီးလာ ၊ မောင့်ပါးမှာဖြင့်
သူခွာပစ်ပြေး ခေါ်သံဝေးသော်....
ချစ်သူမျက်နှာ ၊ စမ်းသီတာဟု
တီတာချစ်သွေး ၊ မြှူပုံလေးကြောင့်
ညသွေးညဥ့်ယံ ၊ လွမ်းမိပြန်ပြီ
မောင်နှံဟင်္သာ ၊ နားခိုရာမှာ
ရင်လွှာစည်းသား ၊ ထားမှာလားကွယ်
သူကြားနိုင်စေ မြင်နိုင်စေ....
မျှော်ရည်စုစု ၊ သည်းနုနုဖြင့်
ချစ်မှုရေးရာ ၊ မွတ်သိပ်စွာလျှင်
ကလျာသက်ထား ၊ မေ့နိုင်အားလို့
သွားသွားလာလာ ၊ ပြုံးများစွာကို
မုန်းအားပန်သီ ၊ ဝေမှုန်ပြီမို့
တုန်ရီခိုက်ခိုက် ချမ်းလှသည်....
”သစ်ရိပ်ညို ”
ရင်မှငုံဖူး ၊ မြရည်လူးသည့်
တိမ်ခြူးသဉ္ဇာ ၊ ချစ်ရိပ်လွှာကို
ဖြူပြာချစ်သဲ ၊ မြင်နိုင်ဘဲနှင့်
ရင်ထဲမွှေနှောက် ၊ မျက်ရည်ပေါက်သာ
တောက်လျောက်စီးလာ ၊ မောင့်ပါးမှာဖြင့်
သူခွာပစ်ပြေး ခေါ်သံဝေးသော်....
ချစ်သူမျက်နှာ ၊ စမ်းသီတာဟု
တီတာချစ်သွေး ၊ မြှူပုံလေးကြောင့်
ညသွေးညဥ့်ယံ ၊ လွမ်းမိပြန်ပြီ
မောင်နှံဟင်္သာ ၊ နားခိုရာမှာ
ရင်လွှာစည်းသား ၊ ထားမှာလားကွယ်
သူကြားနိုင်စေ မြင်နိုင်စေ....
မျှော်ရည်စုစု ၊ သည်းနုနုဖြင့်
ချစ်မှုရေးရာ ၊ မွတ်သိပ်စွာလျှင်
ကလျာသက်ထား ၊ မေ့နိုင်အားလို့
သွားသွားလာလာ ၊ ပြုံးများစွာကို
မုန်းအားပန်သီ ၊ ဝေမှုန်ပြီမို့
တုန်ရီခိုက်ခိုက် ချမ်းလှသည်....
”သစ်ရိပ်ညို ”
Comments
Post a Comment