ခ​မောက်​​တောင်​​တော်

” ခမောက်တောင်တော် ”

နဂါးပတ်တောင်တော်
ကျော်ပါပေ့လေး။
လွယ်မောက်ခေါ် တောင်ခမောက်မှာ
ထွန်းတောက်ပေါ့လေး။

ခမောက်တောင် ပုံပေါ်
ရှမ်းအခေါ် လွယ်မောက်။
နယ်အစုံ တောင်တော်ဦးကို
ဖူးဖို့လာရောက်။

ကောလင်းမြို့ အနောက်က
ခမောက်တောင်ဘုရား။
ပေါင်းခူးဆုန် ထိုတစ်လမှာ
ကျင်းပစည်ကား။

ခမောက်တောင်ကျေးရွာ
တောင်ခြေကရွာပဲ။
ဘုရားတည် ကျောင်းဆောက်ကာ
စောင့်ရှောက်စဉ်မြဲ။

တောင်တက်လမ်း အလို့ငှါ
ကွေ့ဝိုက်ဖြာ ခွေခေါက်။
ဦးတိုက်တိုင်း စေတီဖူးမယ်
ထူးသည့်လွယ်မောက်။

ထုံးဖြူဖြူ
ကုန်းအငူ စေတီဖွေး။
ရှုခင်းသာ ညင်းလေဖြန်းတယ်
လန်းဆန်းရွှင်အေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်