လာထား
” လာထား ”
ဈေးသည်မို့ ပေလား
စကားက ကြွယ်ကြွယ်
လည်လည်ဝယ်ဝယ်။
ဟိုလိုလေး ကောင်းတယ်
ဒီလိုရယ် မြှူကြွား။
လိုသလို ဈေးတင်တောင်း
ရောင်းဝယ်ဖောက်ကား။ ။
ဈေးဝယ်ပြီ ဆိုမှဖြင့်
ဈေးမြင့်လို့ စိတ်ညစ်တယ်
ရောင်းထွက်မလွယ်။
လျော့ပါဦးကွယ်
ဒီဈေးမယ် ဒီလောက်လေး။
ဟိုဟာကို ဟိုလောက်ထား
ကြားချလို့ပေး။ ။
ရှားပါးပြီ ဆိုရင်တော့
လျော့ပေါ့ဘို့ ငြင်းဆန်
ဈေးတောင့်လို့ခံ။
ထပ်မြှင့်ဖို့သာ ကြံ
တင်ကျန်သမျှ အမြတ်စား။
ဘနဖူး သိုက်ပင်တူးသို့နှယ်
ကျူးအတ္တများ။ ။
” သစ်ရိပ်ညို ”
ဈေးသည်မို့ ပေလား
စကားက ကြွယ်ကြွယ်
လည်လည်ဝယ်ဝယ်။
ဟိုလိုလေး ကောင်းတယ်
ဒီလိုရယ် မြှူကြွား။
လိုသလို ဈေးတင်တောင်း
ရောင်းဝယ်ဖောက်ကား။ ။
ဈေးဝယ်ပြီ ဆိုမှဖြင့်
ဈေးမြင့်လို့ စိတ်ညစ်တယ်
ရောင်းထွက်မလွယ်။
လျော့ပါဦးကွယ်
ဒီဈေးမယ် ဒီလောက်လေး။
ဟိုဟာကို ဟိုလောက်ထား
ကြားချလို့ပေး။ ။
ရှားပါးပြီ ဆိုရင်တော့
လျော့ပေါ့ဘို့ ငြင်းဆန်
ဈေးတောင့်လို့ခံ။
ထပ်မြှင့်ဖို့သာ ကြံ
တင်ကျန်သမျှ အမြတ်စား။
ဘနဖူး သိုက်ပင်တူးသို့နှယ်
ကျူးအတ္တများ။ ။
” သစ်ရိပ်ညို ”

Comments
Post a Comment