မင်္ဂလာ ​နေ့သစ်

" မင်္ဂလာ နေ့သစ် "

မင်္ဂလာ ဇေယျတု
ငွေခရု တံထွာ
သပြေနု ခက်ဝါညို
စက်ရာဗဟို ခန်းသဉ္စ
လန်းရွှင်စွ သကျပုံလို
ကျွမ်းဝင်ကြ ဘဝအထုံကို
ဝဠာဘုံ နန်းထက်စေသို့
ပန်းခက်ဝေ ရှေးရေစက်ကြောင့်
ရွှန်းစက်အိသွေး..........။

ညီဝန်းစက် မွန်းလဲ့ ဝါစို
နှုတ်ခွန်းဆက် ရွှန်းလက်လို့ ပြာညို
နေခြည်ဗဟို သွန်းလျှင်ဖြင့်
ခန်းစက်ဝင် သံချိုလွင်လို့
မငြိုငြင် မြရည်စိမ်းစွ
ဝတ်ရည်လိမ်း အလှ ဆောင်သွေးမြှူရင်
ရောင်စဉ်ကိန်း အကြွ တေးအလှကြူချင်
မေ့မောင်ကြင် ခင်လေးကိုပ
ဖေးကူမ ကိုယ်က တူယှဉ်ဖွယ်
ထွေးယူမ အရ မြှူချင်တယ်
အကြင်နာ လှမျက်ဝန်းက
ဝေရွှန်းစ အနားကပ်ရေးတွက်
ပါးအပ်ကာ ယူငင်ထွေးမယ်ကွယ့်
ပွားမေတ္တာ ကြူ ကြူအေးရဖွယ်
မွှေးချင်ရဲ့လေး.....လေး.....။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်