ပညာရှိများ၏သတ္တိ

" ပညာရှိ များ၏ သတ္တိ "

တတ်သိနှင်းရန်
စိတ်ရင်းမှန်
ပြင်းထန် စာဝါပွား။

ပညာဆည်းပြန်
နည်းမမှန်
ကျည်းတန် မာနထား။

စိတ်မူအညှောင့်
လူမဖြောင့်
မူကြောင့် သတိထား။

ကျင့်သီလစောင့်
ဒါနတောင့်
အမောင့် ဘဝအား။

တိမ်းပါးစောင်းရိပ်
မကောင်းစိတ်
နှောင်းတိတ် ကံယူမှား။

လွယ်ကူခံစား
ပူပန်ပွား
ရန်အား သတိထား။

မှတ်သိချင့်တွေး
မဖင့်နှေး
မြှင့်ရေး စက္ခုအား။

သိပ်သည်းကျစ်လစ်
ဖြစ်မဖြစ်
စစ်စစ် မှန်ရဲ့လား။

ပညာဆိုတာ
ထိုအရာ
ကြိုကာ မြဲမှတ်ထား။

သဘောထားဖြူ
မှားမယူ
များလူ ကျင့်ဝတ်များ။

ကဗျာလက်ရင်း
ညက်လိုခြင်း
သက်သွင်း စာသားများ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်