Posts

Showing posts from September, 2017

လေတယ်

" ​လေတယ်​ " တိုင်းပြည်​အရေး ရင်​​လေးလှတယ်​။ စာတစ်​တန်​ ​ပေတစ်​ချပ်​​တောင်​ ဖတ်​ချင်​ဘူးကွယ်​။ တကယ်​ပါ ကွယ်​ ငါ့နှယ်​ စိတ်​မ​ကောင်း။ မင်းတို့​တွေ တယ်​မ​ကောင်းရင်​ ​ပြောင်းလဲ သင့်​​ကြောင်း။ ။ " သစ်​ရိပ်​ညို "

ပြည့်ပါစေ

" ပြည့်​ပါ​စေ " ထိုးနှက်​ချင် ​သူ့စကားရယ်​ အမုန်းစကားလည်း ငါ​မဆို အပြုံး​လေးနဲ့​နေတာကို။ ဘာ​တွေဖြင့်​ သူစိတ်​တို အလိုမကျ ​နေပါလိမ့်​။ သိရလျှင်​ သူ့အလိုကျ​အောင်​ လုပ်​ဆောင်​​ဖြေသိမ့်​။ ။ " သစ်​ရိပ်​ညို "

ကိလေသာ

" ကိ​လေသာ " ငါရပ်​​နေတယ်​ သူငယ်​ချင်း မင်းသာ သွား​နေတာ ငါ မသွားပါ။ ဝင်​လာခါ ထွက်​သွားခါေ​မာ​နေတာ မင်းပါပဲ။ ​ချွေးသံ​တွေ မျက်​ရည်​စို့ ​ပင်​ပန်းလို့ ခဏနား​သော်​လည်း ထသွား ​နေမြဲ။ ။ " သစ်​ရိပ်​ညို "

ဘတစ်ပြန်ကျားတစ်ပြန်

" ဘတစ်​ပြန်​ ကျားတစ်​ပြန်​ " ညတ​စ္ဆေ ​နေမင်းလိုက်​ပါလို့ ​မှောင်​မိုက်တို့ လွင့်​​ကြွေ ပန်းပွင့်​ ​တွေဝေ။ လင်း​နေ​ရောင်​ ​တောင်​ကွယ်​​စေ ပုန်း​ရှောင်​​နေ ချိန်​​လေး။ အဝိဇ္ဇာ အ​မှောင်​လုံးတို့ ဖုံးအုပ်​ပြန်​​သေး။ ။ " သစ်​ရိပ်​ညို "

ရပ်တည်ခွင့်

" ရပ်​တည်​ခွင့်​ "ေ​စတနာ စာနာတရား ထားတတ်​ကြပါ။ စိတ်​ရှည်​ရှည်​ သူ့အ​ကြောင်း ​ကောင်းကွက်​ကိုရှာ။ ​ပေါင်းခက်​တဲ့ သူ့မူရာ စိတ်​ထားမှာ ဖြူရှင်း။ ကိုယ်​ချင်းစာ ​ဖေါ်​ရွေလျက်​ကွယ်​ ​ပေါင်းဖက်​မိတ်​ရင်း။ ။ " သစ်​ရိပ်​ညို "

မသရော်မိစေနဲ့

" မသရော်မိစေနဲ့ " သီချင်းဆို ခေတ်အလိုက် နှစ်ချိုက်ကြ များသူငါ နားဆင်ကြတာ။ ခေတ်ဟောင်းက တေးသံသာ သီဆိုလာ အဆိုရှင်များ။ တယောက်ဆင်း တယောက်သာတက် ဖောက်ထွက်သူရှား။ ~~~~~~~~~~~~~~~~~~~~~~ မြန်မာစာ ကဗျာလှ စာသလို့ ဆိုကြတယ် နှစ်သက်စဖွယ်။ အနက်နှင့် အဓိပ္ပါယ် မတူကွယ် ပမာခြား။ စာအသွား မတူသော်လည်း ကာရန်များ ပုံသေသာပါ့ မြန်မာကဗျာ ထွင်လာငြင်းတယ် ကွင်းသွတ်ဘောင်များ။ " သစ်ရိပ်ညို "

သီတာရေစင်

" သီတာ​ရေစင်​ " စိတ်​က​လေးသာဖြင့်​ ​အေးချမ်းရာ သို့​ခေါ်​ဆောင်​ ရင်​ မပူ​လောင်​။ ရက်​ထည်​ ခြုံ​စောင်​ တရား​နှောင်​ ချည်​တွဲ။ မြတ်​သဒ္ဓါ ​စေတနာ ​မေတ္တာကြိုးနှင့်​ နှိုးလှုပ်​ လွန်​ဆွဲ။ ။ " သစ်​ရိပ်​ညို "

လာလမ်း

" လာလမ်း " သင့်​ကိုယ်​ပင်​ သင့်​အ​ကြောင်း သင်သာ​​ကောင်း ​သင့်​အမြင်​ သင်​ကောင်းဟုထင်​။ မာနရွှင်​ရွှင်​ စိတ်​အစဉ် ​ဘဝင်​မြင့်​။ တန်​ခိုး အာဏာ ရယ်​နှင့်​ ထင်​တစ်​ရာ ​မွှေးထုံမွှမ်းလို့ လွှမ်း တလွင့်​လွင့်​။ ။ အစမှာ ဗလာက စရတဲ့ ဤလူ့ပြည်​ ​ပြောတိုင်းမတည်​။ ကံကိုမှီ ဥာဏ်​အဆီ မြှင့်​​တွေး။ စားဝတ်​​နေ ​သေးနုတ်​နုတ်​ဖြင့်​ ​ချွေးထုတ်​ ခဲ့​သေး။ ။ ဘဝမ​မေ့ပါနှင့်​ လူ့ဓ​လေ့ သင်​ခန်းစာ သင့်​လာ လမ်းမှာ။ အသိရှိ ထိမိစွာ သင့်​ဝန်​တာ ပြန်​​တွေး။ ​ဂုဏ်​အင်္ဂါ ခဝါချပါလို့ မာန ချုပ်​​ပေး။ ။ " သစ်​ရိပ်​ညို "

တခဏနိုင်​ထာဝရရှုံး

Image
” တခဏနိုင်​ ထာဝရရှုံး ” ​နေ့တစ်​ပြန်​ ညယံ၏ ဘက်​လှည့်​သည့်​ နယ်​ပိုင်​။ လင်းနှင့်​​မှောင်​ အားဆိုင်​လျက်​ တွဲဖက်​ ယှဉ်​ပြိုင်​။ အ​လင်းက အ​မှောင်​ကိုနိုင်​ မယှဉ်​နိုင်​ အ​မှောင့်​ဆိုး။ ဥာဏ်​ရှိသူ လူ​တနုံးရယ်​က စံသိမူ ဖြူနှလုံးဖြင့်​ကွယ်​ ဆုံးမ လိမ့်​ရိုး။ ။ အသူရာ စိတ်​​ဟာဖြင့်​ မိစ္ဆာနှင့်​ ယှဉ်​ပြိုင်​ အမြဲတမ်း နိုင်​။ ​မှောင်​ရိပ်​စ မိစ္ဆာမြိုင်​ အဆိုးနိုင်​ မရှိ။ ”အ​မှောင်​ခွင်း အလင်း​ဆောင်​” မမြင်​​အောင်​ အ​မှောင်​ဖုံး​ချင်​လည်း ရုန်းထ နိုင်​၏။ ။ ” သစ်​ရိပ်​ညို ”

မျက်​ဝန်းချို

Image
” မျက်​ဝန်းချို ” အလှ​တွေအယဉ်​ဆင့်​ လှဂုဏ်​ဝင့်​ထည်​။ ဖြူမျက်​လွှာ သူဇာလှ ပြုံးစစ နှယ်​။ မာန်​မကြွယ်​ စံတင်​ဖွယ်​ ယဉ်​​ကျေး။ ညင်​သာစွာ အကြင်​နာ တရား ထားတတ်​သူ​လေး။ ။ ” သစ်​ရိပ်​ညို ”

ရင့်​​သောပန်းလန်းရာဝယ်

Image
” ရင့်​​သောပန်း လန်းရာဝယ်​ ” မွန်းတည့်​ချိန်​မှာ ပွင့်​တဲ့ပန်း လန်းပင်​လန်းလည်း မတင့်​တယ်​။ အရိုးမာ အရွယ်​​ထောက်​​တဲ့ မျှစ်​​စို့ ​ပေါက်​နှယ်​။ လူ့​လောက သံသရာဝယ်​ အိုသူငယ်​စိတ်​​မွေး။ မွန်းတည့်​​နေ ရင့်​​လေ​လေ ချိုလွင်​မြတဲ့ ပန်းလှ ပွင့်​​ပေး။ ။ ” သစ်​ရိပ်​ညို ”

ကျောင်း​ပျော်​​လေးများ

Image
” ​ကျောင်း​ပျော်​လေးများ ” ​​ကျောင်း တက်​ ချိန်​ မှာ သ တိ အပ်​ ​ကျောင်း​ ဝင်း​ ရှေ့ ကွက်​ လပ်​ ညီ ညီ ညာ ညာ တန်း စီ တတ်​ ​ကျောင်း ဖြူ စိမ်း​ နဲ့ ဝတ်​ ဆင်​ ပြိုင်​ တူ ရပ်​။ ​​တေး သီချင်း သံ စဉ်​ ချို မြ မြ ညီ ညာ ​သောင်း ​သောင်း ဖြ ​ကျောင်း စည်း ကမ်း နဲ့ ကိုက်​ ညီ မှ တိုင်း ပြည်​ ​သား ​ကောင်း ဖြစ်​ မှာ ဧ ကန်​ ပါ့။ ​ကျောင်း တက်​ ချိန်​ မှန်​ ​ကျောင်း သို့ တက်​ ဘယ်​ ခါ ​ကျောင်း မ ပျက်​ ​ကျောင်း သင်​ ခန်း စာ ​နေ့ စဉ်​ ကျက်​ ​ကျောင်း သူ ကျောင်း သား နှစ်​ စဉ်​ အောင် မြင် လျက်​။ တွဲ လက်​ ညီ တူ ကျိုး စား ​တော့ ညီ ညာ စည်း လုံး ​ရော့ ယဉ်​ ​ကျေး လိမ္မာ ချစ်​ ခင်​ ​ဆော့ ​ကျောင်း ​ပျော်​ ​လေး ​တွေ ဖြစ်​ မှာ ​သေ ချာ ​ပေါ့။ ။ ” သစ်​ရိပ်​ညို ”

နာမည်​​ရွေး​ပေးပါ

Image
” နာမည်ရွေးပေးပါ ” သားလေးနာမည် ချစ်စဖွယ် ဘယ်လိုပေးရမယ်။ သဲနုငယ် နီတာကွေး ကြည်လင်နေပုံလေး။ မေမေပေးမယ့် သားနာမည် အေးမြစေချင်တယ်။ ဖြူစင်ကြယ် စိတ်နှလုံး သားငယ်အလှဆုံး။ ။ ” သစ်ရိပ်ညို ”

လှေသူကြီး

Image
” လှေသူကြီး ” ရေဘောင်ဘင်စီးပါလို့ လှေကြီးနှင့်ရွက်လွှင့်ကာ ခရီးထွက်ခွာ။ လှေစီးငယ် အဏ္ဏဝါ ဆက်ခါသာ လှော်မြဲ။ စေလိုရာ ဘဝခရီးသည် အပြီးနှင်ဆဲ။ ။ လှေသူကြီး လှေကြီးရဲ့ အရှင်။ မိုးလေသာ လိုရာခရီးသို့ အပြီးသာနှင်။ လှေထိုးသား ပဲ့ကိုင်ရှင် ရွက်တိုင်စင် ကြိုးဆွဲ။ စေညွှန်ရာ အားကုန်သုံးလို့ ရုန်းကြစေမြဲ။ ။ ဒီခရီးမှာဖြင့် မငြီးငြူစေရာ။ ဥာဏ်ကိုလွှာ အမိန့်သုံး ထုံးနည်းကျစွာ။ ကြိုးစားကြ ညီညီညာ အဏ္ဏဝါ ခရီး။ မုန်တိုင်းဝင် မိုးဆင်မသက်ခင် ရွက်လွှင့်လှေကြီး။ ။ သောသောငယ်ညံ ရှင်လိင်ပြန် သည်လေပြင်းတို့ မာန်ဟုန်ခွင်း ဆင်းအလာ လှိုင်းထန်လှစွာ။ သူကြီးမောင် သတ္တိခဲရဲ့ ဇွဲလုံ့လ နှိုးဆွ ပုံက အားရဖွယ်ရာ။ ရွက်ကိုစေ လှေလှော်ထိုးစေဖို့ ကြိုးစားကြ မိန့်မှာကာ နေရာချ အင်အား။ အဏ္ဏဝါ ဘဝခရီးသည် မပျက်စီး ခရီး တွင်တွင်ဆက်စေဖို့ ရင့်ကျက်လျက် ကျွမ်းကျင်စွာ ရေလုံးဖြာ တောင်ပုံလှိုင်းတို့လို မိုးမုန်တိုင်း လေလျှင်သက်ပေမယ့် ဆက်လက်ကျော်လွှား။ ။ ” သစ်ရိပ်ညို ”

နင်​​ပြေး​တော့​ဝေး

Image
" နင်ပြေးတော့ဝေး " လေသစ္စာ မဒီကညာမ ချွေလှစ်ကာ သူညာလှပေါ့ စီကာပြ မောင့်ဘဝမှာ ခဏခဏသာ ကိုယ့်အလိုတွေး ရှေ့နောင်ရေးလဲ မကြိုဆို သူ့စိတ်အလို။ ငိုသာငို ပြိုပါပေါ့ရင်ထဲ ခင်မတွဲ လေသမျှ ရင်ထဲ အခြေမကျနိုင်ဘု မချင့်မရဲ စာသလို့ဆို မောင့်စိတ်အလို။ သူပန်လို မေတ္တာပန်းကိုဖြင့် ချွေလိုကချွေ ကြွေစေကကြွေ စိတ်တိုတွေ လျော့ပါဦးကွဲ့ ချော့မော့တုန်း ပြေစေချင် ခင်မကြင်လျှင် ဝေးမယ်ပဆို တွေးဆပို အသိပေး။ စိတ်ဓာတ်ကျ မှိတ်မရသည့် အိပ်ယာ ဆေးကူတာ ဘာမီတွန်လည်း တစ်ပုလင်းခွဲပြီမို့ နေရင်းဆဲ မချစ်ရင်ပြေးမယ်(ကွယ်) တေးနဲ့ဟစ်ကြွေး။ " သစ်ရိပ်ညို "

တူစုံ​မောင်​နှံ

Image
” တူစုံမောင်နှံ ” မင်္ဂလာ မဏ္ဍပ်ထိုး ဆွေမျိုးငယ် ခြံရံ ဓာတ်စက်ဖွင့်သံ။ မင်္ဂလာ ဆောင်ပြီ ယခု အောင်ဇျေရတု ခွန်းလွှာတေးနှင့် တွံတေးသိန်းတန်။ ဘူးသီးနှင့် ဝက်သားရံ ကြက်ဆီပြန် ထမင်းကျွေး။ မင်္ဂလာ တေးတွေနှင့် မယ်လေးမောင် တူယှဉ်တွဲကာ နွှဲပျော်လို့လေး။ ။ ” သစ်ရိပ်ညို ”

လာထား

Image
” လာထား ” ဈေးသည်မို့ ပေလား စကားက ကြွယ်ကြွယ် လည်လည်ဝယ်ဝယ်။ ဟိုလိုလေး ကောင်းတယ် ဒီလိုရယ် မြှူကြွား။ လိုသလို ဈေးတင်တောင်း ရောင်းဝယ်ဖောက်ကား။ ။ ဈေးဝယ်ပြီ ဆိုမှဖြင့် ဈေးမြင့်လို့ စိတ်ညစ်တယ် ရောင်းထွက်မလွယ်။ လျော့ပါဦးကွယ် ဒီဈေးမယ် ဒီလောက်လေး။ ဟိုဟာကို ဟိုလောက်ထား ကြားချလို့ပေး။ ။ ရှားပါးပြီ ဆိုရင်တော့ လျော့ပေါ့ဘို့ ငြင်းဆန် ဈေးတောင့်လို့ခံ။ ထပ်မြှင့်ဖို့သာ ကြံ တင်ကျန်သမျှ အမြတ်စား။ ဘနဖူး သိုက်ပင်တူးသို့နှယ် ကျူးအတ္တများ။ ။ ” သစ်ရိပ်ညို ”

ဂုဏ်​ပြုကဗျာ

Image
” ဂုဏ်ပြုကဗျာ ” အတွေးလေညင်း ၊ ဆွတ်ပျံ့သင်းပါ့ ဆွေရင်းရင်မှ ၊ ကဗျာတွေ။ အဖေအမေ ၊ ဘိုးဘွားမြေနှင့် သူ့မြေငယ်ရင်း ၊ သူငယ်ချင်းများ ရင်တွင်းချစ်သူ ၊ ဖေါ်မဲ့သူတို့ ငှက်မူသင်းချွေ ၊ ရွက်ဝါဝေကာ သေ..ကြွေ..မြေ..ခင်း..၊ လွမ်းမိရင်းဖြင့် လွမ်းချင်းထွေထွေ ၊ လွမ်းမိစေပြီ လွမ်းလေလွမ်းကာ ၊ လွမ်းရရှာသည်။ သက်လျာသက်နှင်း ၊ ချစ်တတ်ခြင်းများ လွမ်းချင်းလူးလူး ၊ လွမ်းမေ့မူးစွာ တွေးထူးရစ်သီ ၊ ဆန်းသစ်တီထွင် ကာရည်..ကာရေး.. ၊ ကာရံတေးဖွဲ့ နွဲ့သွေးတွဲ့စွာ ၊ ဟန်မူယာပြ မြင်လာခဏ ၊ လူ့ဘဝတွေ ဆဆတွေးမျှော် ၊ ဖေါ်ပြသည်....ကား.. "သင်းကွဲငှက်တစ်ကောင်ရဲ့တမ်းချင်းတပုဒ်" လှမ်းလို့ခေါ်သည် ဘယ်ဆီမသိ ၊ ဘယ်သူရှိပါ့ ငါ့သိငှက်များ ၊ ဘယ်သို့သွားပြီ။ မှန်းလို့မျှော်သည် ရော်ရီချိန်များ ၊ ပျောက်လို့သွားလည်း ငါ့အားဖယ်ခွာ ၊ ထားခဲ့ပါပြီ။ နေရီညိုသွေး ၊ ငှက်တို့တေးသံ ရွှင်အေးသံလည်း ၊ ဝေးရပြီ။ ဘယ်ဆီခိုရေး ၊ သက်ဖို့တွေးပြန် ရင်ဆွေးခံသည်း ၊ မှေးရမည်။ ဌာနေပြန်ငှက် ၊ ညဥ့်အိပ်ခက်လို့ သွေးပျက်သည့်ဟန် ၊ သောသောညံစွာ ဖန်ဖန်ငိုကြွေး ၊ ချော့မြှူပေးမည့် ခင်လေး... ဖ...မိ... အသိ... ရှိက တော၏အလယ် ၊ ငါ့ကိုကယ်ဖ...

ကဗျာပန်းခင်း

Image
" ကဗျာပန်းခင်း " သီကြူးသံစုံ ၊ ဂုဏ်ပြုကြုံသည့် မွှေးထုံကြိုင်သင်း ၊ က ဗျာ ပန်း ခင်း။ ပွင့် လင်း ပျူ ငှါ ၊ ဖေါ်ရွေစွာပင် ကဗျာပေါ်လွင် ၊ ပညာရှင်များ ပါဝင်လူကျော် ၊ လူသူတော်တို့ ဖိတ် ခေါ် ကမ်း လင့် ၊ စခန်းတင့်ရာ ဖူးပွင့်ပန်းငုံ ၊ ထုံလွှမ်းစုံသည် ရဂုံမြိုင်တွင်း ၊ နှင်းသက်ဆင်းသို့ ဖြည့်တင်းမြှောက်စား ၊ လွန်တောက်ကြွားမည့် ပေါက်ဖွားသန့်စင် ၊ ကဗျာရှင်သည် ပန်းသွင်ပွင့်ဝေ ၊ ပန်းခင်းမြေ၌ နည်းစနစ်မှန် ၊ ဝန်းရံစုစည်း ဂရုကြီးမှာ... စည်းစနစ်သန် ၊ မွန်းမံပြုပြီး ဗဟုဆည်းဆာ... လွမ်းရိပ်ဖြာမိုး ၊ ဝိုင်းဝန်းကြိုးစား နိုးကြားတက်ကြွ ၊ နိမိတ်လှစွာ မိတ္တသာသော ၊ ပန်းခင်းမြေ.. စေတနာကဲ ၊ သဒ္ဓါသည်းချာ လှူပဲလှူချင် ၊ ပညာသင်နှင့် ကြည်လင်လှသော ၊ ပန်းခင်းမြေ.. တွဲမှီသိုက်ဝန်း ၊ မွေ့ပျော်ကျွန်းတွင် စည်ယွန်းခြိမ့်သံ ၊ သိမ့်သိမ့်လျှံ၏.. တူညီစိတ်ဝမ်း ၊ ပီတိလွှမ်းစေ သွယ်တန်းဗိမ္မာန် ၊ ခြိမ့်ခြိမ့်ညံ၏.. ကဲဖြတ်သွန်းပုံ ကုံလုံပြည့်မောက် ၊ ရွှေနှင့်ကျောက်သို့ ပွဲမြတ်မွှန်းထုံ ဂုဏ်ဆုံထက်အောက် ၊ ဝေဟင်ဖောက်သို့ ပံ့ထောက်ပညာ ၊ ဝါသနာဖက် သာယာမက်ဆွေး ၊ သံစဉ်သွေးကြ အံ့လောက်စရာ ၊ သာသနာတွက်...

ငယ်​ချစ်

Image
” ငယ်ချစ် ” ဖူးငုံသစ်လွင် ၊ ကျောင်းလေးတွင် ရောက်ရင် ငယ်သွားတယ်။ ကျောင်းမြေလမ်းလေး ၊ ခြေရာဖွေး ပြန်တွေး မျက်ရည်လည်။ ခုံတန်းလျားကျန် ၊ သူ့ရယ်သံ ပြန်ကြား ပြုံးလို့ရယ်။ မူနွဲ့နွဲ့ပြုံး ၊ အလှဆုံး သက်လုံး အောက်မေ့တယ်။ ဝေးကြဖို့ကံ ၊ အကြောင်းခံ ပေါင်းရန် မတင့်တယ်။ မေတ္တာသန့်စင် ၊ ချစ်ရေစင် သွင်သွင် အေးမြဖွယ်။ တပ်မက်မှုကင်း ၊ ဒီချစ်ခြင်း ရင်တွင်း သိမ်းထားတယ်။ ရေးရင်းသတိရ ၊ မျက်ရည်စ စီးကျ ပါးထက်ဝယ်။ ရင်အံဝှက်ထဲ ၊ သိမ်းထားဆဲ အမြဲ ချစ်ပါတယ်။ ။ ” သစ်ရိပ်ညို ” တွေ့ခွင်ရယ်မကြုံ ဆုံခွင့်လည်းမရ ဘဝတွေ ဘယ်လိုဝေးစေဦးတော့ သူရှိနေသည့် ဒီအသိလေးနှင့်သာ အစဉ်ကျေနပ်ကာ အရင်ကလည်း နေတတ်ခဲ့ ဖူးပြီပေမို့ နောင်လည်း နေတတ်နေဦးမှာပါလေ။

ဝတ်​လွှာရုံ

Image
” ဝတ်လွှာရုံ ” နှလုံးသား နုလွှာကြည် ဇာခြည်မေလေး။ ဒီနာမည် ပန်းဆီသွေးနှင့် နှင်းဆီမလေး။ မြဖူးတံညို ရွှန်းစိုလဲ့အေး။ မယ့်ကေသာ နှင်းဆီဖူး ခူဆွတ်ပန်ပေး။ ပြုံးလဲ့ငယ်ခင် ဆင်ယဉ်နုသွေး။ နှလုံးအိမ် ပီတိသင်းတယ် ညင်းသွဲ့လေအေး။ စိတ်ထားကောင်းတဲ့ ဇာခြည်ရေ ပန်းဆီမွှန်းတဲ့ ပန်းနှင်းဆီလေးရယ်။ နှင်းဆီကြိုက်တယ် ဟုတ် ဒါဆို နှင်းဆီဖူးလေး မောင်ခူးလာတယ်။ ပန်ပေးမယ်နော် ဇာခြည် ပြုံးနေတယ်။ ဪ.. နှင်းဆီမွှေးတဲ့ သူရယ် ဘေးနားက ဖြတ်လျှောက်လာတဲ့ လေပြည်အေးက ကိုယ်သင်းနဲ့ နှင်းဆီ အနံ့လေး သယ်လာတယ်။ နှလုံးအိမ် မှာ ပီတိကလေး ဆတ်ကနဲ ခုန်သွားတာ မြင်လိုက်လား ချစ်သူ။ ” သစ်ရိပ်ညို ”

သူ့ဟာသူ​လေး

Image
” သူ့ဟာသူလေး ” စိမ်းညို့ညို ပြောင် နီစွေးရောင် ငရုပ်သီး။ မကိုက်ဝါး မိနဲ့ဗျို တစ်တောင့်ဆို အာပူရှပ်ဖွယ် စပ်ကဲ့ ရှီးရှီး။ သူ့အသွင် ယဉ်ကျေးကွဲ့ ငြိမ်အေးတဲ့ မြွေပွေးကောင်။ သွားမထိလေနဲ့ စွိကနဲ မလွတ်ပေါင် ပေါက်လိုက်လိမ့်မောင်။ အေးအေးဆေး ရင်အေးလှ အမည်လေးက လူအေး။ တကယ်အေးပေမယ့် စိတ်ထွေးကာ ဒေါပုန်ကြွရင်ဖြင့် ဩချရင်လေး။ ။ ” သစ်ရိပ်ညို ”

လှူတတ်​ရင်​မြတ်​၏

Image
” လှူတတ်ရင် မြတ်၏ ” ရေဘေးတဲ့ကွယ် လှူကြမယ် လှူကြပါကွယ်။ မီးဘေးတဲ့ကွယ် လှူကြဟယ် လှူကြစို့ရယ်။ မြေငလျင် ဒါဏ်သင့်ကွယ် ပြိုစေတယ် ဘုရားများ။ တစ်မြို့နယ် တစ်ဆူဘုရားကို သွားလှူစို့လား။ ။ ရှေးဂုဏ်ရည် မြန်ပြည်အမျိုးတို့ မုဆိုးမ ဘုရားတည် တို့ ပုဂံပြည်။ မြို့တစ်ရွာ တစ်စေတီတည် ပြုပြင်မည် တစ်ဆူအား။ ဒီအရေးမှဖြင့် ကူဖေးပြင် ညီတူသိုင်းဖွဲကာ ဝိုင်းလှူစို့လား။ ။ ” သစ်ရိပ်ညို ”

ပြုပြင်​မွမ်းမံ

Image
” ပြုပြင်မွမ်း​မံ ” ရှေးရိုးရာ အုတ်ဘုရား ဘိုးဘွားတို့ အမွေ။ မျိုးမြန်မာ သာသနာအစ ပုဂံက ဘုရားမြေ။ ကြမ်းတမ်းလှ ငလျင်တွေ ဘယ်လိုမွှေ ဖြိုလှဲ။ ပြန်လည်ကာ တို့တည်ဆောက်လို့ စောင့်ရှောက် နေမြဲ။ ။ ” သစ်ရိပ်ညို ”

စာဖတ်​သံ

Image
” စာဖတ်သံ ” စာအံဖတ်ရင် အသံများက သံနေသံထား မှန်ရမယ်။ လျှာဖျားခတ်သံ အာသံမျိုးနဲ့ လျှာလိပ်သံမျိုး စုံလင်တယ်။ နှုတ်ခမ်းကိုကွယ် ဖွင့်ပိတ်ထားလို့ မေးရိုးသွားညှိ သိရမယ်။ အသံညီမျှ ပီပီသ ဆိုကြများသူငယ်။ ” သစ်ရိပ်ညို ”

နှုတ်​ဂုဏ်​ရည်

Image
” နှုတ်ဂုဏ်ရည် ” ပင်ပေါက်တမာ ရိုးရွက်ဖြာ ရွက်မှာလည်းခါး ပင်လည်းခါး။ နှုတ်ကြမ်းရှစွာ ပြောတတ်လာ နှုတ်မှာခါးခါး လူမုန်းများ။ ကြံနီကြံညို ရင်းဖျားချို ကြံဆိုသည်ကား ချိုရည်အား။ ယဉ်ကျေးနှုတ်ချို မာနလျှို စာဆိုရှိထား လိမ္မာပွား။ ။ ” သစ်ရိပ်ညို ”

ငြိမ်းချမ်းစွာ​နေထိုင်​ခြင်း

Image
" ငြိမ်းချမ်းစွာ နေထိုင်ခြင်း " သုံးလွန်းတင် ကျိုးဆင်လှဲ့ မျိုးခင်တဲ့ တိုင်းပြည် တိုင်းက မြန်မာပြည် ပြည်က ပြည်သူများ ပျိုးပင်နွဲ့ နှိုင်းသည် ဘာသာရည် တစ်ပင်ကျိုးကွဲ့ မျိုးမေတ္တာပွား။ သုံးလူ့ရှင် ဗုဒ္ဓ ဘုရား တရားနှင့် သံဃာ မိဘနှင့် ဆရာသခင် ငါးဂုဏ်အင် ကျေးဇူးပွား အနိစ္စနှင့် ဒုက္ခဆင်ခြင် အနတ္တလျှင် အစိုးမရပါရဲ့ တရားကပ်ထား။ ဘဒ္ဒ ဤကမ္ဘာမြေဝယ် သတ္တ ရုက္ခ တည်မှီကာရယ် ရေ လေ မီး ပြိုင် သတ္တိကြွားကာ သက်ရှိများ ဇာတိမြေ ဟိရီထား ဩတ္တပ္ပတွေကို များလူထွေ ကျင့်သုံးက မြတ်သုံးတန်လေး။ လောဘနဲ့ ဒေါသ မောဟတို့ သာယာလျှင် သမုဒယနဲ့ ဒုက္ခဗျာပါကြွ ဒါနနဲ့သီလ ဘာဝနာ ပညာက ပွားကူဖေးလို့ ကုသိုလ်ရေး လက်မနှေးနဲ့ကွယ် အေးချမ်း ဖို့လေး။ ။ " သစ်ရိပ်ညို "

ပညာရှိများ၏သတ္တိ

Image
" ပညာရှိ များ၏ သတ္တိ " တတ်သိနှင်းရန် စိတ်ရင်းမှန် ပြင်းထန် စာဝါပွား။ ပညာဆည်းပြန် နည်းမမှန် ကျည်းတန် မာနထား။ စိတ်မူအညှောင့် လူမဖြောင့် မူကြောင့် သတိထား။ ကျင့်သီလစောင့် ဒါနတောင့် အမောင့် ဘဝအား။ တိမ်းပါးစောင်းရိပ် မကောင်းစိတ် နှောင်းတိတ် ကံယူမှား။ လွယ်ကူခံစား ပူပန်ပွား ရန်အား သတိထား။ မှတ်သိချင့်တွေး မဖင့်နှေး မြှင့်ရေး စက္ခုအား။ သိပ်သည်းကျစ်လစ် ဖြစ်မဖြစ် စစ်စစ် မှန်ရဲ့လား။ ပညာဆိုတာ ထိုအရာ ကြိုကာ မြဲမှတ်ထား။ သဘောထားဖြူ မှားမယူ များလူ ကျင့်ဝတ်များ။ ကဗျာလက်ရင်း ညက်လိုခြင်း သက်သွင်း စာသားများ။ " သစ်ရိပ်ညို "

ဣတ္ထိယ

Image
” ဣတ္ထိယ ” ဣတ္ထိယ မိန်းမ တို့မာယာ သည်းကိုးဖြာ။ လှည့်စားသည့် စေညွှန်ရာ ရူးမိုက်သည့်ပမာ။ သည်မာယာ ကာကွယ်ရှာ ဘဝအရေး။ အားအင်ရယ် ငယ် အရွယ်မလုံလောက်သော်လည်း ကြုံရောက်မယ့်ဘေး။ ။ ” သစ်ရိပ်ညို ”

စိတ်​ပိန်​တယ်

Image
” စိတ်ပိန်တယ် ” အလုပ်နဲ့လက် တစ်ခါရောက်ရုံဖြင့် ဗျစ်တောက်တောက် မည်သံပေါက်ပါတဲ့ ဗျစ်တောက်ဗျစ်တောက် အို ဗျစ်တောက်။ သူ့အလို ဖွေရှာနှောက်ပါလို့ အားဖြည့်ကူ လိုရာရောက်သော်လည်း ဗျစ်တောက်ဗျစ်တောက် အို ဗျစ်တောက်။ စိတ်ညစ်ဖွယ် ပါးစပ်ပေါက်ရယ်ဗျ တောက်လျောက်သာ စိတ်တိုကောက်တာက ဗျစ်တောက်ဗျစ်တောက် အို ဗျစ်တောက်။ နေလို့ရယ် ထိုင်မသာ ဘယ်အရာ ဘာဘွေဖောက်ရော့လဟယ် ဗျစ်တောက်ကယ် ငုတ်စေလိုလှ ကျုပ်မှာဗျို ကြိတ်ငိုရလောက်တယ်..ကွယ် ဗျစ်တောက်ဗျစ်တောက်။ ။ ” သစ်ရိပ်ညို ”

ပုံပျက်​ပန်းပျက်

Image
” ပုံပျက် ပန်းပျက် ” ကမ္ဘာမြေ နေစရာ တစ်နေရာလေးတောင် မပေးနိုင်အောင်ပါပဲလား။ ဘဝယာဉ် အို ခရီးသည် ငြီးငွေ့ဖွယ် မြေမာလမ်းဘေးမှာ ပေးမျှတောင်းစား။ ရေဇလာ မြေယာမရှိလေအောင်လို့ ရေလွှာချည့် ကြံဆောင်ထား။ မိုးတိမ်က မှိုင်းညို့စွာဖြင့် တွင်တွင်သာ ရေယာဉ်ဝိုင်းတယ် လှိုင်းခပ်ဖြတ်သွား။ မြေငလျင် အခြေတင် ပြောစရာမကျန်အောင်ကွယ် ရုန်းကန်လှုပ်ရှား။ ကပ်ကမ္ဘာ သံသရာ ဆုံးစေမည်ဖြင့် ရှောင်ပေးပါ သာသနာ မညှိုးလိုပြီမို့ မြို့စေတီ ဝန်းရံစုပါတဲ့ တို့ ... ပုဂံဘုရား။ ။ ” သစ်ရိပ်ညို ”

ဥာဏ်​မ​ပေါ်သ​ရော်​​တော်​မူရှင့်

Image
" ဥာဏ်မပေါ် သယော်တော်မူရှင့် " မျှော်လတ်သော် ပေါ်မှတ်ချော် ဪ ဖတ်စရာလို့ အခေါ်မတတ် ။ တွေးဖေါ်ထပ် ကပ်သပ်ရှာကာ သတ်မှတ်ရေးအပ်။ တေးညှပ်ကာ ကဗျာသီ စာမညီ ဒီအချိုးကြောင့် ပျိုးရခက်သေး။ ပေါ်လာနိုး မျှော်ခိုးရှာ ဇွတ်တိုးကာရေးပါလို့ ဘိုးသာအေး သဝဏ်လွှာ ဆင်ကာဖွဲ့တေး။ " သစ်ရိပ်ညို "

မိတ်​​ဆွေများ​နေ့ကိုဂုဏ်​ပြုခြင်း

Image
" မိတ်ဆွေများနေ့ ကို ဂုဏ်ပြုခြင်း " စည်းတဖက်သားကာ နီးလျှက်နဲ့များ ဝေးကွာလှ တွေးကာဆ ရှုသိဖွယ် ရေးကာပြ သမုဒယတွယ်သည် ယခုဘဝတွင် ဘက်တစ်ချမ်းစီပါ့ မျက်ကန်းသွင် မမြင်ရှာလို့ ယူငင်ကာ သူဖန်ဆင်းရင်ဖြင့် မှန်ကြည့်ရင်း အလှပြင်မှကွယ် ဆန့်ကျင်ဖက်ချင်း။ မိတ်ရင်းလျှင် သန္ဓေခြင်း က တူနှစ်ဖြာ မသွေခြင်း အယူမှာ ညီလှရဲ့ ဂုဏ်ခြင်းဟာ တူသော်လည်းကွယ် ကူဖေါ်မြဲ တွဲလျက်သာ မခွဲခွာ အမြဲသာ ဆုံမှတ်တူပေငဲ့ မယုံမှတ် စရာ ဘက်သည်ခြား ပြန်တော့ ငိုရီအား ပြုံးငြိုငြင် မျက်ရည်သွင် ပြိုင်ဖြိုင်ဖြိုးရတယ်(ကွယ်) မျိုးမိတ်ဆွေရင်း။ ။ " သစ်ရိပ်ညို "

မော်​ဒန်​ကမ္ဘာ

Image
" မော်ဒန်ကမ္ဘာ " ခေတ်ဟိတ်ဟန် ဖိတ်မံတက သိပ္ပံက ဆန်းကျယ် အာကာသ လကမ္ဘာကျော်တယ် ကမ္ဘာပေါ်ဝယ် ပတ်လို့ရှာဆဲ ထပ်လို့သာကဲ ပါရဲ့ လေထဲ၌ ပုံရိပ်ထင်စေ မိုးအောက်မြေပြင် စိုးပိုင်ကြ တိုးနိုင်မှ ပညာ့ဂုဏ်ထည် ဓနဂုဏ်ရည် ဝန်းရံထားပါလို့ ကြိုးစားကြလေး။ နိုးကြားလှ စိတ္တသန္ဓေ တည် ဇာတိသတ္တ ကံပုညကိုလ ထန်လာကြ အတ္တအရင်းတည် မာန်မချ ယှဉ်ပြိုင် ချင်သည် နိုင်သူရွှင် ရှုံးသူမွဲပါလို့ ဘဝဝဲ လူ့ဂယက်မှာဖြင့် သတ်ပွဲက အခက်ဝေပြီ မာန်ဟုန်ချီ အားပြိုင်စိတ်မာန်နှင့် သိပ္ပံ ခေတ်လေး။ ။ " သစ်ရိပ်ညို "

နင့်​အသိုက်​နင်​ပြန်

Image
” နင့်​အသိုက်​ နင်​ပြန်​ ” ​ထောက်​ထား ညှာတာမရှိ အ​နောက်​ဖျား လာလာထိတဲ့ ​မျောက်​သား ဘင်္ဂလိ တို့​ရေ။ မျိုး​ဆွေ ဆင်းသက်​​ရွေ့ ချိုး​ချေ နင်းဖျက်​​မွှေ့တဲ့ အငြှိုး​စေ ဘင်္ဂလား​ဒေဂ်ျ့​ မို့​လေ။ ကျုပ်​တို့​မြေ ကျုပ်​တို့အ​မွေ ရှုပ်​လှ​ပေ ယုတ်​စွ​တွေရယ်​က ဒုက္ခ​မွှေ ဂယက်​​ပေး။ ပုတ်​နံ့​ဝေ တကယ်​မ​ကောင်း ယုတ်​ညံ့​နေ နယ်​​မြေ​ဟောင်းသို့ ​မောင်းထုတ်​မယ်​​လေး။ ။ ” သစ်​ရိပ်​ညို ”

ပန်းပျိုးသူ

Image
” ပန်းပျိုးသူ ” နဂိုယဉ်တဲ့ ပျိုခင်နွဲ့ ဖြူပြာ ပန်းအိုးလေး ဝယ်လာ။ ပန်းပင်ဆို အလွန်ကို ချစ်လှတာ။ ခဏခဏ ဖွေရှာကာ နေရာကို ရွှေ့ပြောင်း။ မြေဩဇာ မကြာမကြာကျွေးမယ် အိုးလေး ပင်လောင်း။ တစ်နေ့တာ နေရာမရ အခြေမကျ ပန်းပင်တွေဟာ 'နေ'ရမှ ဖြစ်မှာပါ။ ဟော ... သည်'နေ'ကျ လွန်ပူတာ သူ့ခမျာ မပူလား။ ပန်းအိုးပင် တွင်းပြင်ထုတ်ကာ အလုပ်တွေများ။ ။ မြေဩဇာ ဒီပင်လေး ငါကျွေးမှ ဖြစ်မှာပါ။ ဖောဖောသီ ရေထည့်လောင်း ပေါင်းရှင်းရ ခါခါ။ လေများများ ရအောင်သာ အပေါ်မှာ ချိတ်ဆွဲ။ ပန်းအိုးဝယ် အသစ်ပြောင်းစို့ အဟောင်းနှင့်လဲ။ ။ ပြုစုလွန် လွန်ကျူးတော့ ရွက်ဖူးတို့ ညှိုးနွမ်းခွေ တစ်နေ့တော့ သေ။ ဝမ်းနည်းသည့် မျက်ရည်စ ပန်းပင်ပေါ် ကျလို့ကြွေ။ ပန်းပင်လေး ရေ... ထတော့လေ ပန်းပွင့်ပေး။ ငါ့ကိုကွယ် ခွာမသွားပါနဲ့ သနား ညှာတာလှည့် ပါတော့ ချစ်တဲ့သူလေး။ ။ ” သစ်ရိပ်ညို ”

ချင့်​ချင့်​ချိန်​ချိန်

Image
” ချင့်ချင့်ချိန်ချိန် ” လူပုံလယ် ပိုင်ပိုင် မဏ္ဍပ်တိုင် စိုက်ရင်ကွဲ့ ဟိုမှာရွဲ့ ဒီမှာစောင်း ကောင်းမကောင်း အထွေထွေ ရောယှက်နိုင်ပေ။ ပေါ်လွင်ဖို့ ခိုင်ခိုင် မဏ္ဍပ်တိုင် တက်သည်နှင့် အပုတ်ရည် အနံ့ဟောင်း သောင်းဗြောင်းစု လူ့အခြေ ဖြေမပြေ နိုင်သေး။ သတိထား ပါကွဲ့ ထင်ရှားပေါ် ကျော်ကြားလောက်ချင်လည်း အမြင်မှားသော် မော်ကြွားမှောက်မည်ပ ကြင်မကြင် ဆင်ခြင်စရာတွေမို့ သွင်ပြင်မှာ အယူမတိမ်းရအောင် ထိန်းသိမ်း ချင့်တွေး။ ။ ” သစ်ရိပ်ညို ”

မိဂုဏ်​ဖဂုဏ်​ဆရာ့ဂုဏ်

Image
” မိဂုဏ်ဖဂုဏ်ဆရာ့ဂုဏ် ” ဖမိစုံ ဝိုင်းအုံလို့ဖေး နွေးနွေးထွေးထွေး။ သံသရာ ဘဝလမ်းမှာ ငြိမ်းချမ်းလို့အေး။ လိမ္မာပါ ငယ်ရွှေသွေးရယ် အေးအေးဆေးဆေး။ ပညာဥာဏ် အလင်းရောက်အောင် ထွင်းဖောက်ကွဲ့လေး။ နားထောင်ကွဲ့ ရွှေစင်လေး ယဉ်ယဉ်ကျေးကျေး။ မျိုးရိုးဂုဏ် လုံခြုံလောက်အောင် စောင့်ရှောက်ရွှေသွေး။ ။ ” သစ်ရိပ်ညို ”

လွန်းတင်​တတ်​​စေ

Image
" လွန်းတင်တတ်စေ " မေတ္တာကို မေတ္တာ ထပ် ချစ်တတ်ကြပါ။ ရှုမှတ်ကြ စေတနာ စာနာတရား။ သစ္စာတရား မပါဖြစ်က အနှစ်မဲ့သွား။ " သစ်ရိပ်ညို "

သူသိပါ​စေ

Image
” သူသိပါစေ ” ရင်မှငုံဖူး ၊ မြရည်လူးသည့် တိမ်ခြူးသဉ္ဇာ ၊ ချစ်ရိပ်လွှာကို ဖြူပြာချစ်သဲ ၊ မြင်နိုင်ဘဲနှင့် ရင်ထဲမွှေနှောက် ၊ မျက်ရည်ပေါက်သာ တောက်လျောက်စီးလာ ၊ မောင့်ပါးမှာဖြင့် သူခွာပစ်ပြေး ခေါ်သံဝေးသော်.... ချစ်သူမျက်နှာ ၊ စမ်းသီတာဟု တီတာချစ်သွေး ၊ မြှူပုံလေးကြောင့် ညသွေးညဥ့်ယံ ၊ လွမ်းမိပြန်ပြီ မောင်နှံဟင်္သာ ၊ နားခိုရာမှာ ရင်လွှာစည်းသား ၊ ထားမှာလားကွယ် သူကြားနိုင်စေ မြင်နိုင်စေ.... မျှော်ရည်စုစု ၊ သည်းနုနုဖြင့် ချစ်မှုရေးရာ ၊ မွတ်သိပ်စွာလျှင် ကလျာသက်ထား ၊ မေ့နိုင်အားလို့ သွားသွားလာလာ ၊ ပြုံးများစွာကို မုန်းအားပန်သီ ၊ ဝေမှုန်ပြီမို့ တုန်ရီခိုက်ခိုက် ချမ်းလှသည်.... ”သစ်ရိပ်ညို ”

ကဗျာဝိညာဉ်

Image
” ကဗျာဝိညာဉ် ” မှင်ရည်ကျဲကျဲ ကဗျာပဲ စိတ်ထဲ ပျော်သလို။ နေ့စဉ်လိုလို ဘဝကို ဘယ်လို လျှောက်မလဲ။ မလျှောက်ဘဲလဲ မနေဘဲ အမြဲ ကြိုးစားလို။ မပြောမဆို ရွှေနှုတ်သို ပိုမို ကြိုးစားဆဲ။ ငါနဲ့ငါပဲ တစ်ယောက်တည်း ရင်ထဲ ဖြေသိမ့်လို။ တေးသွားချိုချို ကဗျာကို ရွတ်ဆို တစ်ယောက်တည်း။ ။ ” သစ်ရိပ်ညို ”

အခွင့်​သာတုန်းမိဘပြုံးနိုင်​​စေ

Image
" အခွင့်သာတုန်း မိဘပြုံးနိုင်စေ " ပေးပါ ပေးပါ မေတ္တာ မေတ္တာ တောင်းဆိုလာ ညှာတာဖို့ ငါသူတို့သာ။ ပေးကာ ပေးလာ မေတ္တာ အနှစ်မပါ ပေးသူမှာ အတ္တကြီး သူ့တွက်ချည်းသာ။ ငါ့သားကြီး ပိတ်ဆီးကာ ဇနီးသာ သူ့ဘဝ မိဘက သူ့တွက်မှာ အရေးမပါ။ ကြီးမားစွာ မေ့လျှက်ထား ဖေ့ရဲ့သား တဏှာယှဉ်လာ ဆင်ခြင်ပါ ကွဲ့လေး။ နင်ခင်ရာ မာယာတောက နင့်သဘော နင်မပိုင် နင်မနိုင် အစဉ်ရှုံးမယ် လုံးလုံးကွဲ့လေး။ " သစ်ရိပ်ညို "

လက္ခဏာ

Image
" လက္ခဏာ " ငွေ ကွဲ့ ငွေ မသေသေးသ၍ ဆက်၍ရှာမယ်။ ရွှေဆိုမွေ့ သေနေ့တိုင်စေတော့ ဖက်ကိုင်ထားတယ်။ မနေနိုင် ခြေမခိုင် ခွေယိုင်လဲမယ် ဆိုမှဖြင့် သူပဲကွယ် ကိုယ့်အား။ ဇရာကတွဲ တကထဲ ဒုက္ခဝဲမှ ရှုမြဲတရား။ " သစ်ရိပ်ညို "

အိုဘယ့်​ဥပက္ခာ

Image
" အိုဘယ့် ဥပေက္ခာ " လရောင်ဖွေးဖွေး ၊ ညရိပ်သွေးစဉ် ကြည့်ငေးမြင်သာ ၊ ကွပ်ပစ်မှာရှင့်။ လသာသာလေး ၊ ငါ့အတွေးမှာ လေးဖြာအာရုံ ၊ လွှမ်းခြုံတွေးမိ။ မေတ္တာ ကရုဏာ ၊ မုဒိတာနှင့် ဥပေက္ခာဆို ၊ ဗြဟ္မစိုရ်တရား ဤလေးပါးတွင် ၊ ငါကား လ နှင့် တွေးမိသည်။ ကြည်အေးမေတ္တာ ၊ လရောင်ဖြာ၏။ ကရုဏာသက်ဝင် ၊ မေတ္တာ ယှဉ်၏။ မုဒိတာပွား ၊ နှလုံးသားမှာ ရှုငြားပီတိ ၊ ဂွမ်းဆီထိသို့ သည်းအိချိုမွှေး ၊ သန့်စင်အေး၏။ ငါ့တွေးဖယ်ခွာ ၊ ဥပေက္ခာတရား ဘယ်မှာထားလို့ ၊ ဘယ်သို့ကိုစေ ငါ့ဖို့ လဖို့ ၊ အဘယ်သို့မှာ စိတ်တို့ကြည်လင် ၊ ငါ၏ရင်ထဲ ချစ်ကြင်မြဲနှင့် ၊ ချစ်လျှက်ဖြင့်သာ ဖယ်သင့်ဖယ်ခွာ ၊ ငါအိပ်ပါမည် စိတ်မှာချစ်လျှက် ၊ ငါခွဲခက်ပြီ အိပ်မက်တမှေး ၊ ခဏဝေးတည့်။ ။ " သစ်ရိပ်ညို "

ရမက်

Image
" ရမက် " မြင်လျှင်မမျှော် ရွှင်ကြည်ပျော်၏။ မြင်သော်စိုက်စိုက် သုခပိုက်၏။ မြင်ထိုက်မှယုံ ဤလူ့ဘုံအား။ မြင်ပုံတဏှာ ရမက်ခွာထား။ " သစ်ရိပ်ညို "

နေဝင်​ချိန်

Image
” ​နေဝင်​ချိန်​ ” ဝပ်​ဝပ်​ ဝူးဝူး ၊ အသံစူး နှင့်​ ဝက်​ရူး ၏ခြံ ၊ ​သော​သောညံ ၏။ ကြက်​ခြံ ကလည်း ၊ ​ငန်း ဝမ်းဘဲ သို့ သဲသဲ လှုပ်​​အော်​ ၊ တ​ကျော်​​ကျော်​ ပင်​ က​တော်​ ဂတ်​ဂတ်​ ဆူညံ တတ်​၏။ ငတ်​ပြီ ဆိုက ၊ ခြံတွင်း မှပင်​ တမ်းတ ​မျှော်​ကိုး ၊ ​အော်​သံပျိုး လျက်​ ငုတ်​လျှိုး မရှိ ၊ ပကတိ အသွင်​ ဝမ်း၏ ပူဆာ ၊ မ​နေသာ၍ ​အော်​ကာ ​မျှော်​တ ၊ ​နေကြ ရသည်​။ လိုတ ရစွာ ၊ ဝက်​သတ်​ ပါလို့ ဟင်းလျာ ကြက်​သား ၊ ဝမ်းဘဲ များကို ​နေ့ခြား မရှိ ၊ သတ်​စားဘိ လျှင်​ ပီတိ သွား​ရေ ၊ လျှာကို ​မွှေလို့ စား​ထွေ ​ကောင်းစွ ၊ ​ကျေနပ်​ကြ ၏။ သူ ဆာ သတ်​စား ၊ ​အိမ်​​မွေး များမူ လားလား မကြည့်​ ၊ ​မေ့​လျော့ ဘိလျက်​ အသိ မကူ ၊ ရက်​စက်​ သူမျိုး ရှိရိုး လူတွင်​ ၊ ကြမ္မာငင်​ မည်​ ​နေဝင်​ ချိန်​​လေး မ​ဝေးပြီ။ ။ ” သစ်​ရိပ်​ညို ”

အ​မွေ

Image
” အမွေ ” ကြည့်စမ်းပါ့ သားငယ် ဝန်းပြန့်ကျယ် သည်လယ်ခင်းကို မင်းပိုင်တော့မယ်။ ရှုစမ်းကွဲ့ သားငယ် ထပ်ထပ်လျှို တောင်တံတိုင်း ဝိုင်းပတ်ရံလည်။ မြင်စမ်းလှ သားငယ် ပင်လယ်ပြာ ဟိုအဝေးကို မျှော်ငေးကြည့်ကွယ်။ ပြည့်ဝမ်းနှင့် စခန်းသာရယ် ပန်းပျိုးသွယ် ဆင်မြန်းပေါ့ သည်လမ်းဖြင့် ပြည်နိုင်ငံ ပိုင်ဆိုင်ရန် လက်ဝယ်ရင်း နှင်းအပ်တော့မယ်။ မြေကမ္ဘာ မြန်မာအားအင်မှာက ဒေသနာ ဘာသာတရားတွင်မက သာသနာပွား မင်းရင်ခွင် ဘယ်အဆင် ဘယ်အသွေးနဲ့ ခက်အရေး သားမောင် ပြင်ဆင်ဖွယ်မို့ ရင်ဆိုင်ကွယ် မရွံ့စတန်း။ ပြည်အဝှမ်း မြေယာ လက်ကမ်းပါ ပင်လယ်ပြာနှင့် တောတောင်ဖြာ မြစ်ချောင်းအင်းအိုင် အသစ်အဟောင်းရင်းပိုင်ပိုင် ချစ်တတ်စေ့ကွယ် ဖေ့ မှာ စာတမ်း။ ။ ” သစ်ရိပ်ညို ”

မိုး​ရေ

Image
” မိုး ရေ ” တိမ်တခို ပြာညိုမှိုင်း အုံ့ဆိုင်းငယ့် မှုန်ရီ မိုးစွေပြီ သည်ရက်လေး လွမ်းရေးဖြင့် မညီ။ စိမ့်စိမ့်လေး အေးပြန်ပေါ့ တေးသံကျော့ မပီ့တပီ တိမ်ပန်းချီ လျှပ်သီချုန်း မိုးလုံးပြန့် သံပြိုင်စီ။ မှောင်ရီဝေ ဝိုးတဝါး မိုးသားတို့ ကျလို့ကြွေ မိုးစက်ရေ တဖြောက်ဖြောက် ကခုန်ပေါက် စီရရီ သူငိုနေပြီ ​ပေပဲ။ စီးရစ်ခွေ တစ်ချက်မနား အထက်နားမှ အောင်ဖက်ဆီ လှည့်သွားကြ မိုးရေကြည် တည်မှီရာ သည်မြေအလွှာ မှာဖြင့် ရေလွှာပြန့်ကျဲ။ ။ ” သစ်ရိပ်ညို ”

အသိအရှိ

Image
” အသိ အရှိ ” မွှေးလျှင်ပန် နံလျှင်ပစ် ချစ်မချစ် ကိုဖယ်။ လှစ်ဟသည့် စာအကြောင်းက ကောင်းမကောင်း ရွေးချယ်။ သိရှိကြ များလူငယ် ဆိုလိုရွယ် ချင့်တွေး။ ကောင်းတာနှင့် မကောင်းတာ နှစ်ပါးကို ခွဲခြားဖို့လေး။ ။ အာရုံငါးပါး မထားနှင့်ဟု မဆိုလို။ သဘာဝ ကပေးတဲ့အချင်း မွေးရင်း အရှိကို။ လွန်းကျူးမိ လာပြီဆို ကိုသာပို ဒုက္ခငရဲ။ သတိထားနိုင်ပါမှ အသိတရား ဆင်ခြင်ရဖွယ် အဂတိမတွဲ။ ။ အရှိကို သိထားလို့ အသိများ ပွားစေ။ အသိကို လက်ကိုင်ထားလို့ အရှိအား ပွားလေ။ မကောင်းမှု ရှောင်စေ ကောင်းမှုတွေ ဆပွား။ အဂတိ ရိုက်ချိုးဖြတ်ကွယ် မျိုးမြတ်နွယ်ဖွား။ ။ ” သစ်ရိပ်ညို ”

မတည်​ငြိမ်

Image
” မတည်ငြိမ် ” မနိုင်ဝန် တွဲခိုဟီး သရက်သီး ပုပ်လျှင်။ ပညာကို မရှာမှီး ရဲယိုသီး အသွင်။ စိမ့်ကြီးမြိုင့် ဂနိုင်တွင် ရေလွှာလျှင် မဲ့ကင်း။ တိုင်းတခွင် လူသူယုတ်ကို အုပ်ချုပ်သည့်မင်း။ ။ ” သစ်ရိပ်ညို ”

မျှ​ခြေ

Image
” မျှခြေ ” အဝလွန် ခန္ဓာကြီးတော့ လမ်းခရီး မတွင်။ ခန္ဓာဟန် အားမာန်ချို့ပါက မစို့ပို့ လူ့အသွင်။ အသက်ရှည်စေလိုလျှင် ထိန်းစေချင် ဆန္ဒကဲ။ ညီညွတ်စွာ မျှတပါမှ အားရဖွယ်ပဲ။ ။ ” သစ်ရိပ်ညို ”

အပုပ်​ဆန်

Image
” အပုပ်ဆန် ” သွားကြည်လင် သန့်ရှင်း ခံတွင်းသန့်စွာ။ သို့တစေ အနံ့ဆိုးက ပုပ်​သိုးလှိုက် ဟောင်လာ။ ကိုးဒွါရ ချွေးချေးသေး ရယ်နှင့် သွေးသလိပ် ပြည်ပုပ်​မှာ ယိုစီးလာ နေမြဲ။ ဖုံးကွယ်သည့် အဆင်းကျံ သွင်အပြင် ဟန်သရုပ်က ဟုတ်မှဟုတ်ဘဲ။ ။ ” သစ်ရိပ်ညို ”

သူ​ဌေးဖြစ်​ရမည်

Image
" သူဌေး ဖြစ်ရမည် " သားနဲ့သမီး ၊ ရှုမငြီးပေ ဖေကြီးဆီမှာ ၊ မေးမြန်းလာ၍ နည်းနာသူဌေး ၊ ဖြစ်ဖို့ရေးတွက် ဘယ်ရေးဘယ်ပုံ ၊ ကျင့်ရတုံဟု လူ့ဘုံလူ့ဘောင် ၊ ပြ၍ဆောင်အံ့။ ပူလောင်ပြင်းပြ ၊ ကန္တာရ၌ ပါးလျဖိနပ် ၊ တိုနောင့်ပြတ်သော် စွန့်အပ်သည်ဟု ၊ ထင်၏လော။ ရန်ငြိုး ခက်ထန် ၊ ဒေါသ မာန်နှင့် ကံ ဥာဏ် မိတ်လျင်း ၊ ညာဆွေကင်းမဲ့ ထုံ ပျင်း ခေါက်ခက် ၊ အသိနက်လှ ကျင့်ပျက်ဣနြေ္ဒ ၊ မေတ္တာ သွေက စိတ်နေမိုက်မှောင် ၊ တိမ်းညွှတ် ဆောင်လျှင် မအောင်ဥစ္စာ ၊ ပျက်စီး ရာတည့်။ ပညာရှိ အား ၊ မပစ်မှားနှင့်။ ဥစ္စာစောင့်ငြား ၊ မမိုက်မှားနှင့်။ သဒ္ဓါနည်းပါး ၊ မုန်းရန်ပွား၏။ ဥာဏမထုတ် ၊ တန်ခိုးဆုတ်၏။ နှုတ်လျှာမတည် ၊ မပီကြမ်းထော် လျှပ်ပေါ်ပါငြား ၊ တန်ခိုးပါး၏။ ရေလိုမီးလို ၊ ကျင့်စေလို၏။ ရှေးကြောင်းကံကျိုး ၊ ဥစ္စာတိုးက လျှို့လျှိုးဆပွား ၊ စုဆောင်းအားဖြင့် တိုးပွားသင့်ပေ ၊ ကျင့်အပ်စေ။ သေရည်သောက်စား ၊ လောင်းကစားနှင့် ပျော်ပါးညဥ့်မှာ ၊ ပွဲကြိုက်ခါဖြင့် ပေါင်းကာလူမိုက် ၊ ပျင်းရိကြိုက်မူ မထိုက်ဥစ္စာ ၊ ပျက်စီး ရာတည့်။ ကံဥာဏ်လုံ့လ ၊ ဝီရိယနှင့် ပြည့်ဝ သတ္တိ ၊ ဇွဲမာန်ရှိစွာ ကျိုးစားပါမူ ၊ အဘယ်သူများ သူဌေးအ...

မောင့်​ချစ်​ဦးနှင့်​စံပယ်​ဖြူ

Image
" မောင့်ချစ်ဦး နဲ့ စံပယ်ဖြူ " အိမ်ပတ်လည် ခြံစည်းရိုး မေပျိုးတဲ့ စံပယ်ရုံ ဖူးပွင့်တို့စုံ။ ပျံ့ဝတ်မှုံ သုန်ပါတဲ့ လေပြေညင်းရယ် သင်းရနံ့ထုံ။ ဖြူလွှဆင်း သန့်ရှင်းစွ စံပယ်ငုံ ဆွတ်လှမ်းကြုံ ပွင့်ဖူး။ ချစ်ဦးသူ ခင်နှမနဲ့ ဖူးပွင့်စ စံပယ်ဖြူ ဟန်တမူ ယဉ်ကာလှတယ် ဆံနွယ်ကြူ ကေသာဦးမှာလ မြူးစွင့်လွန့်လူး။ " သစ်ရိပ်ညို "

မ​လေးလက်​ခတ်​သံ

Image
" မလေး လက်ခတ်သံ " မလေးရဲ့ လက်ခတ်သံ ဂျောက်ဂျက်ညံညံ။ ရွှေလွန်းပျံ ရွေ့ဟန်လူးလို့ မြူးကြွ သဏ္ဍာန်။ လက်ရာမွန် နန်းဆန်ဆန် ယဉ်မူဟန် ကွက်ဆန်း။ အပွင့်ပန်း သွယ်တန်းစွာ ဖြူနီ နက်ကယ်နှင့် ကွက်စိပ်ထည် ဝါမျှင်ပိုးချည်တို့ ထိုးတဲ့ယက္ကန်း။ ။ " သစ်ရိပ်ညို "

အ​လေးပြုပါသည်

Image
” အ​လေးပြုပါသည်​ ” တိုင်းပြည့်​တာဝန်​ ၊ သား​ကျေပွန်​ဖို့ နယ်​စွန်​နယ်​ခြား ၊ ရန်​သူကြားမှ စစ်​သားဇာနည်​ ​မောင်​စစ်​သည်​ရယ်​။ ​မောင့်​ပြည်​သူတွက်​ ၊ အဖက်​ဖက်​က ထမ်းရွက်​ကာကွယ်​ ၊ ​စောင့်​​ရှောက်​ကယ်​သည့်​ လူငယ်​ပြည့်​သား ​မောင်​စစ်​သားရယ်​။ ​တိုင်းခြားပြည်​တွင်း ၊ ရန်​စွယ်​ရှင်းရန်​ ​သေတွင်းဝတွင်​ ၊ သက်​စွန့်​ဝင်​၍ ပြည့်​ခွင်​တဝှမ်း ၊ ​တာဝန်​ထမ်းတယ်​။ ပင်​ပန်းနွမ်း​ကျေ ၊ ညှိုးနွမ်း​နေလည်း ငါ့​မြေငါ့​သွေး ၊ ငါ့အ​ရေးဟု စစ်​​ရေးစစ်​ပွဲ ၊ ကြိမ်​ကြိမ်​နွှဲလျက်​ မိုးထဲ​ရေထဲ ၊ ချီတက်​မြဲပင်​။ ​အောင်​ပွဲချိမ့်​ချိမ့်​ ၊ ​မြေသိမ့်​သိမ့်​တုန်​ ဖိန့်​ဖိန့်​ဟီးဟီး ၊ ဇွဲမာန်​ကြီးစွာ ပြည်​ကြီးမြန်​မာ ၊ ​စစ်​သားဟာမို့ သစ္စာနှင်းဆက်​ ၊ ထမ်းရွက်​လျက်​ပင်​။ အသက်​​သေ​သေ ၊ အရိုးကျေ​လို့ အ​ရေခမ်းခမ်း ၊ ​တာဝန်​ထမ်းရာ ကင်းစမ်း​တော​တောင်​ ၊ လျှိုချိုင့်​​မြှောင်​၌ ပြည်​​ထောင်​ရပ်​ဝန်း ၊ လုံခြုံခြင်းလျှင်​။ ပြည်​တွင်းပြည်​ပ ၊ နှစ်​ဋ္ဌာနမှ ရန်​စရန်​စွယ်​ ၊ ​အသွယ်​သွယ်​ကို ကာကွယ်​သည့်​သား ၊ ​မောင်​စစ်​သား​ရေ။ ​ဆင်းရဲသည့်ဒါဏ်​ ၊ လွန်​သည်းခံလျက်​ ရှင်​သန်​မျိ...

မိုးည

Image
” မိုးည ” အချိုးမကျ မိုးညမို့ မပျော်။ ခေါင်မလုံ တတောက်တောက် မိုးပေါက်တို့အော်။ ထရံပေါက် လေတိုးသော် မိုးရေကို ခေါ်လာသေး။ ပုဆိုးခြုံ ထိုင်ခုံဘေးမှာ ငုတ်တုတ်လေးကွေး။ ။ ” သစ်ရိပ်ညို ”

ခ​မောက်​​တောင်​​တော်

Image
” ခမောက်တောင်တော် ” နဂါးပတ်တောင်တော် ကျော်ပါပေ့လေး။ လွယ်မောက်ခေါ် တောင်ခမောက်မှာ ထွန်းတောက်ပေါ့လေး။ ခမောက်တောင် ပုံပေါ် ရှမ်းအခေါ် လွယ်မောက်။ နယ်အစုံ တောင်တော်ဦးကို ဖူးဖို့လာရောက်။ ကောလင်းမြို့ အနောက်က ခမောက်တောင်ဘုရား။ ပေါင်းခူးဆုန် ထိုတစ်လမှာ ကျင်းပစည်ကား။ ခမောက်တောင်ကျေးရွာ တောင်ခြေကရွာပဲ။ ဘုရားတည် ကျောင်းဆောက်ကာ စောင့်ရှောက်စဉ်မြဲ။ တောင်တက်လမ်း အလို့ငှါ ကွေ့ဝိုက်ဖြာ ခွေခေါက်။ ဦးတိုက်တိုင်း စေတီဖူးမယ် ထူးသည့်လွယ်မောက်။ ထုံးဖြူဖြူ ကုန်းအငူ စေတီဖွေး။ ရှုခင်းသာ ညင်းလေဖြန်းတယ် လန်းဆန်းရွှင်အေး။ ။ ” သစ်ရိပ်ညို ”