တက္ကသီလာ
" တက္ကသီလာ "
ရိုရည်းလေး ရည်းလေးရို
ရည်းလေးလေးရို။
တို့ငယ်စဉ် သူငယ်ချင်းဟောင်း
ကျောင်းကြီးလည်းအို။
ကျောင်းတော်ကြီး ခရီးနှင်
စာအံသင် လူအများ။
ကြိုးစားကာ ပညာပွားမယ်
တို့ကျောင်းတော်သား။ ။
နှစ်စသော် တသုတ်လာ
နှစ်ဆုံးမှာ တသုတ်သွား။
ပညာရှင် လူအများကို
ကျောင်းတော်ကဖွား။ ။
ကြိုးစားကြ စာသင်သားတို့
ကျောင်းတော်အား အလင်းဆောင်။
စာဗိမာန် ပေးဝေမျှတဲ့
ပညာ့တန်ဆောင်။ ။
ဤလူ့ဘောင် စဉ်အဆက်မှာ
မပျက်စွာ လျှောက်လှမ်း။
သစ်လွင်ပျို မောင်မယ်စုံတွက်
လွှမ်းခြုံလက်ကမ်း။ ။
ပင်ပန်းရော့ နွမ်းလျော့ခွေ
ကျောင်းတော် မှာလေ။
စာကဝေ ကဝိသွေးတို့
မွေးထုတ်တဲ့မြေ။ ။
တို့မြန်ပြေ သာစေကြောင်းရယ်
ဆုမွန်ချွေတောင်း။
တက္ကသိုလ် ပညာရေးကို
ပေးမျှအောင်ကြောင်း။ ။
" သစ်ရိပ်ညို "
ရိုရည်းလေး ရည်းလေးရို
ရည်းလေးလေးရို။
တို့ငယ်စဉ် သူငယ်ချင်းဟောင်း
ကျောင်းကြီးလည်းအို။
ကျောင်းတော်ကြီး ခရီးနှင်
စာအံသင် လူအများ။
ကြိုးစားကာ ပညာပွားမယ်
တို့ကျောင်းတော်သား။ ။
နှစ်စသော် တသုတ်လာ
နှစ်ဆုံးမှာ တသုတ်သွား။
ပညာရှင် လူအများကို
ကျောင်းတော်ကဖွား။ ။
ကြိုးစားကြ စာသင်သားတို့
ကျောင်းတော်အား အလင်းဆောင်။
စာဗိမာန် ပေးဝေမျှတဲ့
ပညာ့တန်ဆောင်။ ။
ဤလူ့ဘောင် စဉ်အဆက်မှာ
မပျက်စွာ လျှောက်လှမ်း။
သစ်လွင်ပျို မောင်မယ်စုံတွက်
လွှမ်းခြုံလက်ကမ်း။ ။
ပင်ပန်းရော့ နွမ်းလျော့ခွေ
ကျောင်းတော် မှာလေ။
စာကဝေ ကဝိသွေးတို့
မွေးထုတ်တဲ့မြေ။ ။
တို့မြန်ပြေ သာစေကြောင်းရယ်
ဆုမွန်ချွေတောင်း။
တက္ကသိုလ် ပညာရေးကို
ပေးမျှအောင်ကြောင်း။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment