ဆင်းရဲခြင်း
” ဆင်းရဲခြင်း ”
နွေကျောင်း ပိတ်ရက် ၊ ငါးဖမ်း ထွက်သည်
တက်ကြွ နေသော သားငယ်ငယ်။
ကျောင်းအပ် ငွေမျိုး ၊ စာအုပ်ဖိုး နှင့်
ငွေတိုး လေးလည်း ချေဖို့ကွယ်။
ဗိုက်ပူ နံပေါက် ၊ ဖင်ကောက်ကောက် နှင့်
နောက်မှာ ပလိုင်း လွယ်လိုက်တယ်။
ခနွှဲ ဒေါက်ဆင် ၊ ရေထုတ် လျှင်မူ
စိတ်ဝင် တစား ကြည့်နေတယ်။
ရေခမ်း မွှေနှောက် ၊ ရွှံ့နွံ အောက်မှာ
ငါးပေါက် လိုက်စမ်း ဖမ်းရှာတယ်။
လိမ့်လိမ့် လူးလူး ၊ လှုပ်လှုပ် လူးသည့်
ခေါင်းဦး ကိုကိုင် ဖမ်းရာဝယ်။
ငါးလည်း မဟုတ် ၊ မြွေပုချုပ် က
ဆိပ်ထုတ် လှမ်းကိုက် ခံရတယ်။
ဖေ့မှာ ပူပန် ၊ သားထမ်း ပြန်၍
အမြန် ဆေးရုံ သွားရတယ်။
နေကောင်း သက်သာ ၊ ရှိလာ ပါမှ
ဖေ့မှာ ဟင်းချ နိုင်တော့တယ်။
နောက်များ ဆိုရင် ၊ ငါးရှာလျှင် ဖြင့်
ဖေပင် တစ်ယောက်ထဲ သွားတော့မယ်။
လိုက်နဲ့ကွယ် သားလေးရယ်။ ။
” သစ်ရိပ်ညို ”
နွေကျောင်း ပိတ်ရက် ၊ ငါးဖမ်း ထွက်သည်
တက်ကြွ နေသော သားငယ်ငယ်။
ကျောင်းအပ် ငွေမျိုး ၊ စာအုပ်ဖိုး နှင့်
ငွေတိုး လေးလည်း ချေဖို့ကွယ်။
ဗိုက်ပူ နံပေါက် ၊ ဖင်ကောက်ကောက် နှင့်
နောက်မှာ ပလိုင်း လွယ်လိုက်တယ်။
ခနွှဲ ဒေါက်ဆင် ၊ ရေထုတ် လျှင်မူ
စိတ်ဝင် တစား ကြည့်နေတယ်။
ရေခမ်း မွှေနှောက် ၊ ရွှံ့နွံ အောက်မှာ
ငါးပေါက် လိုက်စမ်း ဖမ်းရှာတယ်။
လိမ့်လိမ့် လူးလူး ၊ လှုပ်လှုပ် လူးသည့်
ခေါင်းဦး ကိုကိုင် ဖမ်းရာဝယ်။
ငါးလည်း မဟုတ် ၊ မြွေပုချုပ် က
ဆိပ်ထုတ် လှမ်းကိုက် ခံရတယ်။
ဖေ့မှာ ပူပန် ၊ သားထမ်း ပြန်၍
အမြန် ဆေးရုံ သွားရတယ်။
နေကောင်း သက်သာ ၊ ရှိလာ ပါမှ
ဖေ့မှာ ဟင်းချ နိုင်တော့တယ်။
နောက်များ ဆိုရင် ၊ ငါးရှာလျှင် ဖြင့်
ဖေပင် တစ်ယောက်ထဲ သွားတော့မယ်။
လိုက်နဲ့ကွယ် သားလေးရယ်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment