စားမဝင် အိပ်မပျော်

" စားမဝင်အိပ်မပျော် "

ကျွဲနွားဝက် ကြက်ဆိတ်ဘဲနှင့်
သားငါးလည်း မစားချင်။
ပဲပြောင်းဆန် ဂျုံမုရော
သီးရွက်ကော မစားချင်။
လျှာခံတွင်း အာသာမဝင်
ရေသာလျှင် ဖြည့်မြဲ။
နွေမှနွေ ပူပုံပန်းတယ်
နွမ်းရော် ချိတွဲ။ ။

နွေတစ်ရာ နွေနေ့ခင်း
နွေနေမင်း ထွက်ပေါ်။
ပုံပမာ ပုံအခင်း
အလျံဝင်း ဆင့်ဆော်။
ပူပြင်းတဲ့ နွေပါနော်
ဂိမှာန်ခေါ်ရာသီထဲ။
တက်နေရှိန် မိန်သဘောဝယ်
လောကငရဲ။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်