ကိုယ့်သမိုင်းကိုယ်ရေး

" ကိုယ့်သမိုင်း ကိုယ်ရေး "

ဆယ့်နှစ်လရေကြည် သန္ဓေတည်မှ
ရွယ်နုဖွံ့ထွား ပျိုမြစ်အားထိ
မိဘတို့ဝမ်း မမောပမ်းနိုင်
တရေးရေးကြည့် တရိပ်ရိပ်ဆောင်
ပညာနို့ရည် တိုက်ကျွေးသည်ချည်း။

သားသမီးငယ် ကောင်းဆိုးကြွယ်လည်း
စွန့်ကွယ်ပစ်လျှက် မရှိရက်ခဲ့။

ရွယ်လွန်ပျိုမြစ် လက်ထပ်သင့်ကာ
ဖြစ်သင့်ရာကို ဖြစ်ချိန်တန်လည်း
လက်လွှတ်မျက်ကွယ် မငြင်းပယ်ခဲ့။

သားသမီးမြေးမြစ် အိမ်ထောင်သစ်ထဲ
စွမ်းတတ်ရာရာ ထိမ်းသိမ်းကာဖြင့်
မိဘမျိုးနွယ် ဂုဏ်မငယ်အောင်
လက်လွှဲရှောင်တိမ်း ဘယ်မယိမ်းခဲ့။

သိုက်မြုံပြောကျယ် လောကလယ်တွင်
ကိုယ်ကျိုးစီးပွား လောဘသားတို့
ဝင်ရောက်နှောက်ယှက် သိမ်းပိုက်ခဲ့လျှင်
ငါ့ဆွေငါ့မျိုး ဘိုးဘွား ငါတို့
မျိုးချစ်ပြသား ငြိမ်မနေအားပဲ
ဆပ်ဆပ်ထိမခံ စွန့်တွန်းလှန်ခဲ့။

ပုံပမာအား တိုင်းပြည်များတွင်
ပြည်သူ့ရင်ထဲ စုစည်းမြဲသာ။

ဝါးစည်းကွဲပြေ ရောက်လေအခြား
ခွင့်ပြုထားက ဘိုးဘွားပိုင်မြေ
ယူသူအခြား ပိုင်ဆိုင်အားမဲ့ ။

တိုင်းခြားဝင်ရောက် လာနှောက်ယှက်မူ
ပြည်ပရန်စွယ် အန္တရာယ်တို့
စုပေါင်းတွန်းလှန် အားထုတ်ပြန်တိုက်
ငါ့မြေငါ့ရေ ငါဌာနေကို
တစ်လက္မမကျန် အစွန်းမခံခဲ့။

သို့ကြောင့်သားသမီး အမှားကြီးသည့်
မိဘဘိုးဘွား ဂါရဝေါစ
နိဝါဒထွေ ပြစ်မှားလေနဲ့။

အိုမင်းမစွမ်း ချိနဲ့နွမ်းလည်း
ကောင်းမှုစိတ်သန် လုပ်ရပ်မှန်သော
ရှေးကျိုးရွက်ဆောင် ဤလူ့ဘောင်ဝယ်
ရာဇဝင်သမိုင်း မရိုင်းစေနဲ့။
ထာဝရသမိုင်း ကောင်းကျိုးဆောင်ကွဲ့။
ကိုယ်ရဲ့သမိုင်း ကိုယ်စောင့်ထိမ်းလှဲ့ ။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး