ထပ်တစ်ခါ ကပ်ခွာဦးမတဲ့
” ထပ်တစ်ခါ ကပ်ခွာဦးမတဲ့ ”
ခက်တော့ခက်တယ်
ဟုတ်လိမ့်မယ် ထင်ဘူး။
တို့တောင်သူ ရောင်းခွန်ခတဲ့
သတင်းက ထူး။ ။
အိမ်လယ်ခွန် မြေခွန်ခ
ရောင်းဝယ်က စကွယ်။
လျှပ်စစ်ရယ် အကြွေးတိုး
မိုးလုံး ပတ်လည်။
စပါးပေး နောင်ပေးတွေရယ်
ကုန်သည်တွေ မပါသေး။
ဆန်အိုးမှာ ဗလာကျင်းပါပေါ့
နောင်ချင်း ဆန်ချေး။ ။
ထောက်ပံ့မယ် သူမတွေးပါဘု
ရေမီးဘေး မင်းဘေးရယ်။
ခိုးဝှက်ယူ ကုန်သည်များနှင့်
နယ်ခြားက ဓားပြရယ်။
သမီးသား မလိမ္မာတယ်
အိမ်မှာကွယ် ထောင်ဆန်စား။
အရေးကြောင်း ရှာဖွေရန်အတွက်
ပေါင်နှံခက် ရှား။ ။
ပြောချင်တယ် နှုတ်ဆွံ့အလို့
ကြောက်လှပါတယ်။
လည်ပင်းမှာ ချူသံခတ်ပုံက
ကြွေးဒုက္ခ ကြွယ်။
မိုးဆောင်းနွေ တစ်ပတ်လည်
ကျောပြင်ရယ် အမိုး။
မြေပေါ်မှာ မနည်းကပ်ကာ
အောက်ရပ် က ချိုး။ ။
” သစ်ရိပ်ညို ”
ခက်တော့ခက်တယ်
ဟုတ်လိမ့်မယ် ထင်ဘူး။
တို့တောင်သူ ရောင်းခွန်ခတဲ့
သတင်းက ထူး။ ။
အိမ်လယ်ခွန် မြေခွန်ခ
ရောင်းဝယ်က စကွယ်။
လျှပ်စစ်ရယ် အကြွေးတိုး
မိုးလုံး ပတ်လည်။
စပါးပေး နောင်ပေးတွေရယ်
ကုန်သည်တွေ မပါသေး။
ဆန်အိုးမှာ ဗလာကျင်းပါပေါ့
နောင်ချင်း ဆန်ချေး။ ။
ထောက်ပံ့မယ် သူမတွေးပါဘု
ရေမီးဘေး မင်းဘေးရယ်။
ခိုးဝှက်ယူ ကုန်သည်များနှင့်
နယ်ခြားက ဓားပြရယ်။
သမီးသား မလိမ္မာတယ်
အိမ်မှာကွယ် ထောင်ဆန်စား။
အရေးကြောင်း ရှာဖွေရန်အတွက်
ပေါင်နှံခက် ရှား။ ။
ပြောချင်တယ် နှုတ်ဆွံ့အလို့
ကြောက်လှပါတယ်။
လည်ပင်းမှာ ချူသံခတ်ပုံက
ကြွေးဒုက္ခ ကြွယ်။
မိုးဆောင်းနွေ တစ်ပတ်လည်
ကျောပြင်ရယ် အမိုး။
မြေပေါ်မှာ မနည်းကပ်ကာ
အောက်ရပ် က ချိုး။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment