ကျေးဇူးရှင်
" ကျေးဇူးရှင် "
အမေအမေ သားမေမေ
အမေ့ရဲ့သား ၊ လူညိုထွား
မေ့သားကောင်းစွာ ရှိပါသည်။
အဖေအဖေ သားဖေဖေ
အဖေ့ရဲ့သား ၊ ပညာပွား
စိတ်ထားကောင်းစွာ ရှိပါသည်။
အမေကမွေး ၊ ဖေရှာကြွေး
သားလေးလူမော် ၊ ရွှင်ပျော်ပျော်
သင့်တော်အေးချမ်း ၊ ရှိပါသည်။
သားသမီးလျှင် ၊ ငယ်ရွယ်စဉ်မှ
ကြီးစဉ်ငယ်လိုက် ၊ အင်အားစိုက်
သည်းလှိုက်မေတ္တာ ပေးမျှသည်။
ပညာကိုပေး ၊ ရင်မှာထွေးလျက်
ကျွေးမွေးသုတ်သင် ၊ လွန်ချစ်ခင်
ပဲ့ပြင်ဆုံးမ နည်းပြသည်။
အဖေအမေ ၊ မိဘတွေဖြင့်
နေ့ချင်းညချင်း ၊ သက်ရွယ်ညှင်း
အိုမင်းရင့်ရော် ရှိချေပြီ။
မွေးမြေရပ်ဝေး ၊ သားမောင်လေးမှ
ကျေးဇူးနှစ်ဖြာ ၊ ဦးခိုက်စွာလျှင်
ကျန်းမာစေကြောင်း တောင်းဆုရည်။ ။
" သစ်ရိပ်ညို "
အမေအမေ သားမေမေ
အမေ့ရဲ့သား ၊ လူညိုထွား
မေ့သားကောင်းစွာ ရှိပါသည်။
အဖေအဖေ သားဖေဖေ
အဖေ့ရဲ့သား ၊ ပညာပွား
စိတ်ထားကောင်းစွာ ရှိပါသည်။
အမေကမွေး ၊ ဖေရှာကြွေး
သားလေးလူမော် ၊ ရွှင်ပျော်ပျော်
သင့်တော်အေးချမ်း ၊ ရှိပါသည်။
သားသမီးလျှင် ၊ ငယ်ရွယ်စဉ်မှ
ကြီးစဉ်ငယ်လိုက် ၊ အင်အားစိုက်
သည်းလှိုက်မေတ္တာ ပေးမျှသည်။
ပညာကိုပေး ၊ ရင်မှာထွေးလျက်
ကျွေးမွေးသုတ်သင် ၊ လွန်ချစ်ခင်
ပဲ့ပြင်ဆုံးမ နည်းပြသည်။
အဖေအမေ ၊ မိဘတွေဖြင့်
နေ့ချင်းညချင်း ၊ သက်ရွယ်ညှင်း
အိုမင်းရင့်ရော် ရှိချေပြီ။
မွေးမြေရပ်ဝေး ၊ သားမောင်လေးမှ
ကျေးဇူးနှစ်ဖြာ ၊ ဦးခိုက်စွာလျှင်
ကျန်းမာစေကြောင်း တောင်းဆုရည်။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment