တို့တောရွာ

" တို့တောရွာ "

မန်ကြီးပင်အို ၊ ရွာဝင်လမ်းမှာလ
ဇီးပင်ပျို စီကာတန်းပါလို့
ညီညာလမ်း ပြန့်ပြူးသည်
မျှော်ရည်မှန်း ရွာဦးစေတီမှာဖြင့်
ဆည်းလည်းသံ ဝေဝေစီ။

ရွာလယ်လမ်း
တမာတန်း စီအရီနှင့်
ရွာတောင်ဆီ ကန်ဘောင်ရိုးမှာ
ဝေဖြိုးပါတဲ့ ထနောင်းပင်ညီ
စုပေါင်းပျော်ရွှင်စရာပေါ့
စာသင်ကျောင်း အတွင်းမှာတော့
ကျောင်းသားတို့ စုံအညီ။

ရွာမြောက်ပိုင်း စိမ်းညို့ရီမှောင်
အုံ့ဆိုင်းအောင် ပညောင်ထောက်ပါပေါ့
တစ်ခေါ်လောက် အရှေ့ဖျားဆီမှ
ရွာဦးကျောင်းမှာဖြင့် စာဝါသီ
ထုံးစေတီ ဖြူဖွေး။

အနောက်တောင် ဘက်မှာလည်း
ပိတောက်မောင် သရက်တောရယ်နှင့်
ပေါလိုက်တဲ့ စကားဝါ
အောတိုက်တဲ့ ကြံညိုတောက
အနောက်မြောက်ကြောမှာ
လယ်ယာတော ပတ်လည်ဝန်းရံ
ဆင်းသဏ္ဌာန် သာစခန်းပေမို့
ကွင်းအမှန် အညာလမ်း မှာဖြင့်
အုန်းထန်းပေ ငှက်ပျောစုံရယ်တို့
ပြောမကုန် ကြုံလို့ပြောရတယ်
တို့တောရွာလေး။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်