သံသရာ ဝဲတစ်ပတ်
" သံသရာ ဝဲ တပတ် "
ဘဝသမား ၊ လွန်ကြိုးစားကာ
မိသားစုလေး ၊ မြှင့်တင်ပေးခဲ့။
နောင်ရေးကြောင့်ကျ ၊ မဖြစ်ရအောင်
လမ်းပြဦးဆောင် ၊ လွန်ပျိုးထောင်ခဲ့။
ရှေ့ဆောင်ရှေ့ရွက် ၊ ကြိုးပမ်းလျက်ဖြင့်
ညဥ့်နက်တိတ်ဆိတ် ၊ အိမ်ပြန်အိပ်ခဲ့။
ရိပ်ရိပ်သာယာ ၊ လှပလာအောင်
ပညာရှေ့ရှု ၊ ဖြည့်ဆည်းပြုခဲ့။
ပြုစုယုယ ၊ လိမ္မာလှအောင်
နေ့ညအစဉ် ၊ ဆုံးမသင်ခဲ့။
သားလျှင်သမီး ၊ အသီးသီးတို့
မငြီးမတွား ၊ လွန်ကြိုးစားခဲ့။
ရွယ်အားတင့်တယ် ၊ ပညာထည်ကာ
မှတ်ဘွယ်သုတ ၊ ပြည့်စုံကြသော်.....
မိဘနှစ်ဖြာ ၊ ဖေးကူရာကို
စိတ်မှာဝန်လေး ၊ နားချိန်လေးဟု.....
နွဲ့တွေးစိတ်ညို ၊ ခိုင်းသည်ကိုပင်
ငြိုငြင်မခန့် ၊ ပြန်လှန်အံ့ဟု.....
ရှင်းသန့်ကူဖေး ၊ မေတ္တာရေးဖြင့်
စိတ်လေးကြန့်ကြာ ၊ မရှိရာဟု.....
နှစ်ဖြာမိဘ ၊ အားကိုးရချိန်
ဘယ်အချိန်မှ ၊ လွန်အားရဟု.....
ကြံဆမတွေး ၊ ဘဝရေးမှာ
တက်လေးမပါ ၊ လက်ဗလာဖြင့်
လှော်သာလှော်ကြ ၊ ဪ မိဘတို့.....
ရင်ဝဆို့သည့် ၊ မပြည့်သည့်အိုး
ပြည့်သည့်အိုးပင် ၊ စိတ်ဘောင်ဘင်သည်
နောင်လျှင်သည်းခံ အပ်ရာတည်း။ ။
ဆောင်ငင်တရား မှတ်ရာတည်း။ ။
အောင်မြင်သမီးသား မှတ်ဘို့တည်း။ ။
" သစ်ရိပ်ညို "
ဘဝသမား ၊ လွန်ကြိုးစားကာ
မိသားစုလေး ၊ မြှင့်တင်ပေးခဲ့။
နောင်ရေးကြောင့်ကျ ၊ မဖြစ်ရအောင်
လမ်းပြဦးဆောင် ၊ လွန်ပျိုးထောင်ခဲ့။
ရှေ့ဆောင်ရှေ့ရွက် ၊ ကြိုးပမ်းလျက်ဖြင့်
ညဥ့်နက်တိတ်ဆိတ် ၊ အိမ်ပြန်အိပ်ခဲ့။
ရိပ်ရိပ်သာယာ ၊ လှပလာအောင်
ပညာရှေ့ရှု ၊ ဖြည့်ဆည်းပြုခဲ့။
ပြုစုယုယ ၊ လိမ္မာလှအောင်
နေ့ညအစဉ် ၊ ဆုံးမသင်ခဲ့။
သားလျှင်သမီး ၊ အသီးသီးတို့
မငြီးမတွား ၊ လွန်ကြိုးစားခဲ့။
ရွယ်အားတင့်တယ် ၊ ပညာထည်ကာ
မှတ်ဘွယ်သုတ ၊ ပြည့်စုံကြသော်.....
မိဘနှစ်ဖြာ ၊ ဖေးကူရာကို
စိတ်မှာဝန်လေး ၊ နားချိန်လေးဟု.....
နွဲ့တွေးစိတ်ညို ၊ ခိုင်းသည်ကိုပင်
ငြိုငြင်မခန့် ၊ ပြန်လှန်အံ့ဟု.....
ရှင်းသန့်ကူဖေး ၊ မေတ္တာရေးဖြင့်
စိတ်လေးကြန့်ကြာ ၊ မရှိရာဟု.....
နှစ်ဖြာမိဘ ၊ အားကိုးရချိန်
ဘယ်အချိန်မှ ၊ လွန်အားရဟု.....
ကြံဆမတွေး ၊ ဘဝရေးမှာ
တက်လေးမပါ ၊ လက်ဗလာဖြင့်
လှော်သာလှော်ကြ ၊ ဪ မိဘတို့.....
ရင်ဝဆို့သည့် ၊ မပြည့်သည့်အိုး
ပြည့်သည့်အိုးပင် ၊ စိတ်ဘောင်ဘင်သည်
နောင်လျှင်သည်းခံ အပ်ရာတည်း။ ။
ဆောင်ငင်တရား မှတ်ရာတည်း။ ။
အောင်မြင်သမီးသား မှတ်ဘို့တည်း။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment