မယ့်ဆုတောင်း
" မယ့်ဆုတောင်း "
လွမ်းမယ့်မူး
အူမြူးခဲ့ မေ့သခင်
မောင်ခူးတဲ့ ပွင့်သဇင်မှာ
မယ့်ကေသာ ဆင်မြန်း
ဘဝင်ချမ်းမြ ရှက်အားပို
သက်ထားပျို မျက်နှာကျော့
ချိုလှပေါ့လေး ။ ။
မယ့်စိတ်ကူး
ရွယ်စူးရဲ့ နှစ်ကိုယ်တူ
မော်ဖူးမယ့် ခင်ပျိုဖြူ
နဂို မူ ကျော့ထုံး
မယ်ဖုန်းလှ တစ်ပွင့်ပန်ရွယ်
ပွင့်ရန်ကွယ် မလွယ်ခက်ကဲ့
သွယ်ဝိုက်ကွဲ့လေး ။ ။
ကြင်စဦး
စိတ်ကူးတဲ့ ရွှေရည်တင်
နေခြည်လွင် ချစ်ရည်ဖြန်း
သံသာလေ ကမ်းတိုင်
တူပြိုင်ကာ ကူးမယ့်ဖော်
မယ်လေးမျှော် လက်တွဲသော်မှ
ခေါ်လောက်ကဲ့လေး ။ ။
ဖွင့်ဟဆို နှောင်ထား
ဆွေသားလှ သဒ္ဓါပိုတယ်
မျက်ရေးအောက် ပျောက်မခံကွယ်
မတွေ့လျှင် ရတက်မအေး
အိုးခွက်ဆေး ပန်းကန်စုံဝယ်
ဆီဆားဆန် ပြည့်ရန်တင်းစေ
မယ့်မှာလေ ဆုတောင်း
ချိုးလက်ရေ တိုးတက်စေရန်လို့
မောင်တွေး ကဗျာ မဆန်ပါစေနဲ့
ကြိုးစားမှန် ကံသာ ပဓာနမို့
မောင်ဖွေရှာ မယ်စုဆောင်းပါ့မယ်
ပေါင်းကျော့ရင်သွေး ။ ။
" သစ်ရိပ်ညို "
လွမ်းမယ့်မူး
အူမြူးခဲ့ မေ့သခင်
မောင်ခူးတဲ့ ပွင့်သဇင်မှာ
မယ့်ကေသာ ဆင်မြန်း
ဘဝင်ချမ်းမြ ရှက်အားပို
သက်ထားပျို မျက်နှာကျော့
ချိုလှပေါ့လေး ။ ။
မယ့်စိတ်ကူး
ရွယ်စူးရဲ့ နှစ်ကိုယ်တူ
မော်ဖူးမယ့် ခင်ပျိုဖြူ
နဂို မူ ကျော့ထုံး
မယ်ဖုန်းလှ တစ်ပွင့်ပန်ရွယ်
ပွင့်ရန်ကွယ် မလွယ်ခက်ကဲ့
သွယ်ဝိုက်ကွဲ့လေး ။ ။
ကြင်စဦး
စိတ်ကူးတဲ့ ရွှေရည်တင်
နေခြည်လွင် ချစ်ရည်ဖြန်း
သံသာလေ ကမ်းတိုင်
တူပြိုင်ကာ ကူးမယ့်ဖော်
မယ်လေးမျှော် လက်တွဲသော်မှ
ခေါ်လောက်ကဲ့လေး ။ ။
ဖွင့်ဟဆို နှောင်ထား
ဆွေသားလှ သဒ္ဓါပိုတယ်
မျက်ရေးအောက် ပျောက်မခံကွယ်
မတွေ့လျှင် ရတက်မအေး
အိုးခွက်ဆေး ပန်းကန်စုံဝယ်
ဆီဆားဆန် ပြည့်ရန်တင်းစေ
မယ့်မှာလေ ဆုတောင်း
ချိုးလက်ရေ တိုးတက်စေရန်လို့
မောင်တွေး ကဗျာ မဆန်ပါစေနဲ့
ကြိုးစားမှန် ကံသာ ပဓာနမို့
မောင်ဖွေရှာ မယ်စုဆောင်းပါ့မယ်
ပေါင်းကျော့ရင်သွေး ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment