ရွှင်လန်းချမ်းမြေ့ပါစေ

” ရွှင်လန်းချမ်းမြေ့ပါစေ ”

ရွှေနားတွင် ပန်ဆင်ငယ်
ချစ်စဖွယ် နုသွေးလှ
နှမလေး ငယ်ငယ်။

သံသရာ မွှေနှောက်နှော
လောကမြေ ကမ္ဘာဝယ်။

ပြုံးချိုချို မျက်နှာထားနှင့်
ဘဝ ခါးသီး ပေလည်းကွယ်
အချစ်ရယ် အမုန်းရယ်
ပန်ဆင်ရွယ် လေလား။

သံသာလေ ဘဝလမ်းမှာ
လျှောက်လှမ်း တူယှဉ်စေလို့
မပူမပင် ကြည်လင်မွှေးကာ
အေးမြ စေသား။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်