စိုက်ပျိုးရေး
” စိုက်ပျိုးရေး ”
ဘယ့်နှယ် ဖြစ်တာလဲ
ကိုင်းတွေလည်း ကြိုးပြတ်နေ။
ဟိုနေရာ မြေမှာစိုက်
ဒီနေရာ မြေမှာစိုက်
ငုတ်ရိုက်သလိုပေ။
ကိုင်းချိုးစိုက် တာတဲ့လေ
အပင်တွေ အများကြီး။
ကိုင်းငုတ်တို အရွက်ညှိုးကာ
မျိုးပျက်သည့် နည်း။ ။
အလိုက်ထိုက် နေသားကျ
သူ့ပင်က ရွက်သစ်ဝေ။
အပင်ပျို အင်အားတက်
အခက် ဖြာစေ။
ခုတော့လေ
ကိုင်းတွေကို ဖျက်ချိုး။
ကိုင်းတွေကို မြေမှာစိုက် တယ်
မိုက်လိုက်တဲ့ မျိုး။ ။
ရေနှင့်ပျိုးကိုဖြင့်
မပံ့ပိုး နိုင်။
မြေဩဇာ ကဆီဓာတ်က
ပြတ်လပ် သည့်စတိုင်။
သည်အပင် မျိုးအဆိုင်
မရှင်နိုင် ချိုးစိုက်ရေး။
အစေ့ငယ် အပင်ပေါက်ကိုမှ
ပျိုးဖောက် သင့်လေး။ ။
” သစ်ရိပ်ညို ”
ဘယ့်နှယ် ဖြစ်တာလဲ
ကိုင်းတွေလည်း ကြိုးပြတ်နေ။
ဟိုနေရာ မြေမှာစိုက်
ဒီနေရာ မြေမှာစိုက်
ငုတ်ရိုက်သလိုပေ။
ကိုင်းချိုးစိုက် တာတဲ့လေ
အပင်တွေ အများကြီး။
ကိုင်းငုတ်တို အရွက်ညှိုးကာ
မျိုးပျက်သည့် နည်း။ ။
အလိုက်ထိုက် နေသားကျ
သူ့ပင်က ရွက်သစ်ဝေ။
အပင်ပျို အင်အားတက်
အခက် ဖြာစေ။
ခုတော့လေ
ကိုင်းတွေကို ဖျက်ချိုး။
ကိုင်းတွေကို မြေမှာစိုက် တယ်
မိုက်လိုက်တဲ့ မျိုး။ ။
ရေနှင့်ပျိုးကိုဖြင့်
မပံ့ပိုး နိုင်။
မြေဩဇာ ကဆီဓာတ်က
ပြတ်လပ် သည့်စတိုင်။
သည်အပင် မျိုးအဆိုင်
မရှင်နိုင် ချိုးစိုက်ရေး။
အစေ့ငယ် အပင်ပေါက်ကိုမှ
ပျိုးဖောက် သင့်လေး။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment