ဆုပေးပွဲ

" ဆုပေးပွဲ "

ရွတ်သံဖတ်သံ ညံမစဲတဲ့
စာအံပြိုင်ပွဲ ကျင်းပတယ်။
အတော်ဆုံးက တစ်ပါပဲကွဲ့
ပထမဆု ပေးရမယ်။
ဒုတိယဆု နှစ်ကိုပြုပေါ့
တတိယဆု သုံးဖြစ်တယ်။
နှစ်သိမ့်ဆုတွေ နောက်ထပ်တိုးလို့
စာတော်သူများ ထပ်ရှာမယ်။
ကြိုးစားကွယ် ကြိုးစားကွယ်။
(ကြိုးစားမယ် ကြိုးစားမယ်)။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်