ရှေ့မီ နောက်မီ
" ရှေ့မီနောက်မီ "
ဘဝထွေထွေ ၊ စာပေမမှတ်
အတတ်ပညာ ၊ မရှိပါမူ
အိုးမှာဘောင်ဘင် ၊ တောင်စဉ်မြိုင်ချောက်
စမ်းရေနောက်သို့ ၊ ကမ်းပျောက်သောင်တင်
နှောင်ငင်လျော့ရဲ ၊ ပညာနည်းက
ကွဲကွဲပြားပြား ၊ မရှိငြားပဲ
ဝါးဝါးဝေဝေ ၊ ဝေလေလေဖြင့်
စွေစွေစောင်းစောင်း ၊ အမြင်ဟောင်းနှင့်
ထပ်လောင်းခါခါ ပြောတတ်သည်။
မရမနေ ၊ စာဖတ်လေမှ
တွေဝေမရှိ ၊ အမှန်သိဖြင့်
တတ်သိနားလည် ၊ အမှုကြွယ်သော်
သွယ်သွယ်လျောင်းလျောင်း ၊ ပညာပေါင်း၍
ကောင်းရာသို့စေ ၊ ကောင်းဖို့ပေတည့်
စာပေကျဉ်ပွေ့ ၊ စွေ့စွေ့ငေါက်ငေါက်
အတက်ပေါက်သို့ ၊ ရှေ့နောက်မြောက်တောင်
ကွဲပြားအောင်ပင် ၊ စောလျင်နှောင့်နှေး
ကင်းစင်ဝေးလျက် ဆွေးနွေးသည်။
အတတ်သင်စေ ၊ ခေတ်စာပေနှင့်
ရှေးမွေရိုးရာ ၊ ရှေးပညာနှင့်
စာဆိုစကား ၊ ထုံးစံများကို
မကားမချဲ့ ၊ တည့်တည့်မှန်မှန်
သဏ္ဌာန်သရုပ် ၊ အမှန်ထုတ်၍
မရှုပ်ဇယား ၊ မူကွဲပြားအောင်
စကားဆိုမည် ၊ ဆွေးနွေးသည်တွင်
ခေတ်မီရှေးဟောင်း ၊ ထားသိုလ်ကြောင်းဆက်
ပေါင်းဖက်စိတ်နေ ကောင်းဘို့ရည်။ ။
" သစ်ရိပ်ညို "
ဘဝထွေထွေ ၊ စာပေမမှတ်
အတတ်ပညာ ၊ မရှိပါမူ
အိုးမှာဘောင်ဘင် ၊ တောင်စဉ်မြိုင်ချောက်
စမ်းရေနောက်သို့ ၊ ကမ်းပျောက်သောင်တင်
နှောင်ငင်လျော့ရဲ ၊ ပညာနည်းက
ကွဲကွဲပြားပြား ၊ မရှိငြားပဲ
ဝါးဝါးဝေဝေ ၊ ဝေလေလေဖြင့်
စွေစွေစောင်းစောင်း ၊ အမြင်ဟောင်းနှင့်
ထပ်လောင်းခါခါ ပြောတတ်သည်။
မရမနေ ၊ စာဖတ်လေမှ
တွေဝေမရှိ ၊ အမှန်သိဖြင့်
တတ်သိနားလည် ၊ အမှုကြွယ်သော်
သွယ်သွယ်လျောင်းလျောင်း ၊ ပညာပေါင်း၍
ကောင်းရာသို့စေ ၊ ကောင်းဖို့ပေတည့်
စာပေကျဉ်ပွေ့ ၊ စွေ့စွေ့ငေါက်ငေါက်
အတက်ပေါက်သို့ ၊ ရှေ့နောက်မြောက်တောင်
ကွဲပြားအောင်ပင် ၊ စောလျင်နှောင့်နှေး
ကင်းစင်ဝေးလျက် ဆွေးနွေးသည်။
အတတ်သင်စေ ၊ ခေတ်စာပေနှင့်
ရှေးမွေရိုးရာ ၊ ရှေးပညာနှင့်
စာဆိုစကား ၊ ထုံးစံများကို
မကားမချဲ့ ၊ တည့်တည့်မှန်မှန်
သဏ္ဌာန်သရုပ် ၊ အမှန်ထုတ်၍
မရှုပ်ဇယား ၊ မူကွဲပြားအောင်
စကားဆိုမည် ၊ ဆွေးနွေးသည်တွင်
ခေတ်မီရှေးဟောင်း ၊ ထားသိုလ်ကြောင်းဆက်
ပေါင်းဖက်စိတ်နေ ကောင်းဘို့ရည်။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment