ရွှေ မာ လန်းရွှင်
" ရွှေ မာ လန်းရွှင် "
ဂိမှာန်ခါ နွေ ၊ ယင်းမာရွှေရည်
နေခြည်ရောင်သော့ ၊ ပန်းရည်ပျော့တောင်
သွေးဆော့နေလှုံ ၊ ပန်းမြိုင်စုံယံ
ပန်းမှုံလှိုင်သင်း ၊ နေခြည်မင်းရှင်
ကြိုင်ဝင်းလှိုင်လှိုင် ၊ သင်းပျံ့ ကြိုင်လျှင်
ပန်းခိုင်ရွှေညှာ ၊ ရေထွေလာငယ်
ဝေဆာပင်လုံး ၊ ခိုင်ညှာဖုံးလျက်
မက်ဆုံးရှုမျှော် ၊ ညင်းလေဆော်မှုန်
မြရော်ရည်ဝါ ၊ နီရွှေပြာဖြူ
တောင်သာတွန်ကျူး ၊ ကျေးငှက်မြူးလျက်
ကျူးရင့်သံဝါ ၊ ငှက်ဘာသာဝယ်
သိင်္ဂါရွှေဆမ်း ၊ ယင်းမာပန်းနှင့်
တင်ဆန်းသာမော ၊ ရွှေကျေးနှောသည်
သောသောငယ်ညံ ၊ ထက်ပင်ယံမှာ
ဖန်ဖန်သံချို နှောတော့သည်။ ။
တိမ်ယံမှာစေ ၊ တောင်လေပြေငယ်
မြူခြေကျံစုံ ၊ ဝဠာဘုံခန်း
ပင်မြုံနန်းရှင် ၊ ဖြူရောင်ရွှင်ကြည်
လေငင်ဆောင်ကွန့် ၊ တိမ်လွှာညွန့်ခွေ
လူးလွန့်ပြေငယ် ၊ နေခြည်ရွယ်နှင်း
ရောင်ချယ်လင်းမှန် ၊ နီဝါဖန်တောက်
တိမ်ယံဖောက်သွင် ၊ ဖြူဝယ်ဆင်သိုင်း
အောက်ခွင်မှိုင်းယောင် ၊ မြူတိမ်တောင်မှာ
ပြိုမှောင်ညို့စိုင်း ၊ လေညင်ဝိုင်းထင့်
ထက်စိုင်းအာကာ ၊ အမ္ဗုန်ဖြာသို့
ဖေါ်ကွာလွမ်းမော ၊ စုံမြိုင်တောလယ်
လွင့်မျောသံစုံ ၊ ကျေးသီပုံဖြင့်
အစုံအခက် ၊ ဝါရွှေရွက်ခေါ်
ပင်ထက်မှာစံ ၊ ခိုင်ရွှေတံညှာ
ပြန်လှန်စံပျို သောတော့သည်။ ။
ချိန်မှန်သာနေ ၊ ရဂုံဘွေလယ်
လေပြေဆော်သွင်း ၊ မိုးသံညင်းသော်
နေ့ခြင်းနှုန်းဆောင် ၊ ငွေ့ရည်ဘောင်သက်
ပူအောင်မစေ ၊ မိုးရိပ်လေနှယ်
မိုးရေဆွတ်ဖြန်း ၊ သခင့်ပန်းနှင့်
မြနန်းရဂုံ ၊ သားမျိုးစုံတွင်
နေလှုံငှက်ကျေး ၊ ရေလဲ့သွေးမှ
ကြည်အေးသံသာ ၊ ဂိမှာန်ခါဝယ်
နွှဲကာပျော်မြူး ၊ ဖြန့်လွန့်လူးကာ
လွမ်းမူးဖွယ့်တည် ၊ ငွေမြူရည်မင်း
ဘော်ရည်ဝင်းလဲ့ ၊ ညင်းသွဲ့သွဲ့သာ
ဝင်းမှဲ့ညှာဖူး ၊ ရွှေရည်လူးပန်း
မြခြူးစံအိမ် ၊ ဝန်းရံတိမ်လွှာ
ဝရိန်ဝင်းလျှံ ၊ ဆင်လေတန်သော်
ရံဖန်မာန်ပျို သောတော့သည်။
" သစ်ရိပ်ညို "
ဂိမှာန်ခါ နွေ ၊ ယင်းမာရွှေရည်
နေခြည်ရောင်သော့ ၊ ပန်းရည်ပျော့တောင်
သွေးဆော့နေလှုံ ၊ ပန်းမြိုင်စုံယံ
ပန်းမှုံလှိုင်သင်း ၊ နေခြည်မင်းရှင်
ကြိုင်ဝင်းလှိုင်လှိုင် ၊ သင်းပျံ့ ကြိုင်လျှင်
ပန်းခိုင်ရွှေညှာ ၊ ရေထွေလာငယ်
ဝေဆာပင်လုံး ၊ ခိုင်ညှာဖုံးလျက်
မက်ဆုံးရှုမျှော် ၊ ညင်းလေဆော်မှုန်
မြရော်ရည်ဝါ ၊ နီရွှေပြာဖြူ
တောင်သာတွန်ကျူး ၊ ကျေးငှက်မြူးလျက်
ကျူးရင့်သံဝါ ၊ ငှက်ဘာသာဝယ်
သိင်္ဂါရွှေဆမ်း ၊ ယင်းမာပန်းနှင့်
တင်ဆန်းသာမော ၊ ရွှေကျေးနှောသည်
သောသောငယ်ညံ ၊ ထက်ပင်ယံမှာ
ဖန်ဖန်သံချို နှောတော့သည်။ ။
တိမ်ယံမှာစေ ၊ တောင်လေပြေငယ်
မြူခြေကျံစုံ ၊ ဝဠာဘုံခန်း
ပင်မြုံနန်းရှင် ၊ ဖြူရောင်ရွှင်ကြည်
လေငင်ဆောင်ကွန့် ၊ တိမ်လွှာညွန့်ခွေ
လူးလွန့်ပြေငယ် ၊ နေခြည်ရွယ်နှင်း
ရောင်ချယ်လင်းမှန် ၊ နီဝါဖန်တောက်
တိမ်ယံဖောက်သွင် ၊ ဖြူဝယ်ဆင်သိုင်း
အောက်ခွင်မှိုင်းယောင် ၊ မြူတိမ်တောင်မှာ
ပြိုမှောင်ညို့စိုင်း ၊ လေညင်ဝိုင်းထင့်
ထက်စိုင်းအာကာ ၊ အမ္ဗုန်ဖြာသို့
ဖေါ်ကွာလွမ်းမော ၊ စုံမြိုင်တောလယ်
လွင့်မျောသံစုံ ၊ ကျေးသီပုံဖြင့်
အစုံအခက် ၊ ဝါရွှေရွက်ခေါ်
ပင်ထက်မှာစံ ၊ ခိုင်ရွှေတံညှာ
ပြန်လှန်စံပျို သောတော့သည်။ ။
ချိန်မှန်သာနေ ၊ ရဂုံဘွေလယ်
လေပြေဆော်သွင်း ၊ မိုးသံညင်းသော်
နေ့ခြင်းနှုန်းဆောင် ၊ ငွေ့ရည်ဘောင်သက်
ပူအောင်မစေ ၊ မိုးရိပ်လေနှယ်
မိုးရေဆွတ်ဖြန်း ၊ သခင့်ပန်းနှင့်
မြနန်းရဂုံ ၊ သားမျိုးစုံတွင်
နေလှုံငှက်ကျေး ၊ ရေလဲ့သွေးမှ
ကြည်အေးသံသာ ၊ ဂိမှာန်ခါဝယ်
နွှဲကာပျော်မြူး ၊ ဖြန့်လွန့်လူးကာ
လွမ်းမူးဖွယ့်တည် ၊ ငွေမြူရည်မင်း
ဘော်ရည်ဝင်းလဲ့ ၊ ညင်းသွဲ့သွဲ့သာ
ဝင်းမှဲ့ညှာဖူး ၊ ရွှေရည်လူးပန်း
မြခြူးစံအိမ် ၊ ဝန်းရံတိမ်လွှာ
ဝရိန်ဝင်းလျှံ ၊ ဆင်လေတန်သော်
ရံဖန်မာန်ပျို သောတော့သည်။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment