ဘဝတက်လမ်း

” ဘဝတက်လမ်း ”

မေမေ သားလေ ၊ မြို့မှာ နေလို့
စာပေ တတ်ကြီး ဖြစ်ချင်တယ်။

သား အထင်ကြီး ၊ ပညာ ဆည်းဖို့
မြို့ကြီး မှာမှ ၊ စာတတ် ရဟု
တွေးဆ ထင်ယောင် မမှားနှင့်။

မြို့ပြ အဆောင် ၊ ရွာ့ဂုဏ် ရောင်နှင့်
မွဲပြောင် ခမ်းနား ၊ ကွဲသော် ငြားလည်း
မြို့ကား ရှုပ်ပွေ ၊ ပျက်စီး စေမည့်
ဌာနေ ရပ်ဝန်း များလှတယ်။

တောနေ ငုတ်စွန်း ၊ ပညာ ချွန်းက
ကျယ်ဝန်း မရှိ ၊ ကျဉ်းမြောင်း ဘိမို့
တတ်သိ တေလေ ၊ မဖြစ် လေအောင်
ကြီးထွေ ထပ်ထပ် ၊ ပညာတတ် တို့
သတ်မှတ် ရပ်မှာ သင်ချင်တယ်။

ဤသို့ ပြောင်းလာ ၊ အဆောင် ရှာ၍
ကျောင်းစာ ကိုသင် ၊ သားဖြစ် အင်မှာ
ဂုဏ်အင် ခွဲခြား ၊ ပေါင်းသင်း ကြားနှင့်။

အစား အသောက် ၊ ချို့ခြံ ထောက်လျက်
မလောက် မင ၊ သား ဒုက္ခ မှာ
နိမ့်ကျ ပညာ ၊ အားငယ် စွာနှင့်။

သေချာ ကြိုးစား ၊ ဘဝ အားလျှင်
ငုံ့ထား မမော် ၊ ကျောင်းမှာ ပျော်ရင်း
ခြေချော် တိမ်းစောင်း ၊ မရှိ ကောင်းအောင်
နောက်ကြောင်း မစေ ၊ ကြိုးစား နေသည်
မေမေ စိတ်ချမ်း သာပါစေ။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်