ညောင်ရေသွန်း ပွဲတော်

"ညောင်ရေသွန်းပွဲတော် "

သွန်းညောင်ရေ ကဆုန်လ
ကောင်းမြတ်သည့် ဒီချိန်ခါ
ပြည်မြန်မာ သာစေကြောင်း
တောင်းဆုပန်ထွာ။

အရုဏ် မလင်းခက်က
ပျိုတစ်သင်းတို့ အလှဆင်
အောင်သပြေ ညောင်ရေလောင်းဖို့
ရေအိုးကိုယ်စီပြင်။

လင်းကြက်ရယ် တွန်သံက
ခွန်းဆင့်ကာ အမှာပါးသည့်နှယ်
အောင်စည်သံ တညံညံလွှင့်တယ်
တောဓလေ့ရွာပွဲ။

ရှေးမြန်မာ ဘုံဓလေ့
ပျော်မွေ့ကြ ခုတိုင်
မြတ်မင်္ဂလာ အခါတော်နေ့မှာ
ညောင်ရေသွန်း တဲ့ပွဲ။

ဒီပင်္ကရာ မြတ်စွာဘုရားမှ
စကားပြ ဗျာဒိတ်ဆင်
သုမေဓာ ရှင်ရသေ့မှာဖြင့်
ဘုရားအဖြစ် ရောက်မည်ပင်
မုချ ဧကန်မလွဲ။

ကဆုန်လပြည့် နေ့တွင်မှ
မဟာဗောဓိ ညောင်ပင်အောက်
တင်ပလ္လင်ခွေ လျောက်ပတ်စွာ
မာန်နတ်ကို အောင်နိုင်၍
ဘုရား ဖြစ်တော်မူ။

ထူးခြားအတိတ် နမိတ်ပုံ
ကွန့်မြူး ဥာဏ် တပလ္လင်ထိုင်မှ
ဂါထာတော် နှစ်ဆယ့်ခြောက်ရယ်
နတ်ဒေဝါ တိုက်တစ်သောင်းက
ချီးမွမ်းခမ်းဖွင့်ကြူ။

အံ့ဩ ဝမ်းမြောက် ဖွယ်ရာ
ယနေ့ တို့ကိုးကွယ် ယုံကြည်ပါတဲ့
သာသနာ့ သခင် ဘုရားရှင်
မြတ်ဗုဒ္ဓါ သာသနာ ထွန်းလင်းရာ
မင်္ဂလာ အခါတော် မယွင်းတယ်
ညောင်ရေသွန်းသည့်ပွဲ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး