ရှင်းလေရှုပ်လေ
" ရှင်းလေရှုပ်လေ "
အဲလကွယ် တကယ်ရှုပ်တဲ့
အမယ်ဘုတ်ကဲ့ သူ့ချည်ခင်။
သပွတ်အူ အုန်းဆံထုပ်နှင့်
သမန်းမျက်ဖုတ်ပင်။
တောခြုံရှုပ် ဆံချည်မျှင်
ပင့်ကူမျှင် ကရွတ်ခင်း။
ကောက်ရိုးပုံ အိုးတိုက်ကယ်နှင့်
နှီးအမှိုက် စာပေါင်းချိတ်တို့လို
စိတ်ရှုပ်အိုက်ခြင်း။
" သစ်ရိပ်ညို "
အဲလကွယ် တကယ်ရှုပ်တဲ့
အမယ်ဘုတ်ကဲ့ သူ့ချည်ခင်။
သပွတ်အူ အုန်းဆံထုပ်နှင့်
သမန်းမျက်ဖုတ်ပင်။
တောခြုံရှုပ် ဆံချည်မျှင်
ပင့်ကူမျှင် ကရွတ်ခင်း။
ကောက်ရိုးပုံ အိုးတိုက်ကယ်နှင့်
နှီးအမှိုက် စာပေါင်းချိတ်တို့လို
စိတ်ရှုပ်အိုက်ခြင်း။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment