ဖြစ်ကြပြန်ပြီ
" ဖြစ်ကြပြန်ပြီ "
ဆို့နင့် စည်တီး ၊ မြန်ပြည်ကြီးဝယ်
လက်နှီး မိတ်စ ၊ မျိုးဖျက်ကြမည့်
စောင်းထ ဖယ်ဖြို ၊ ရန်မူလိုလျက်
ကျောင်းကို ဘာလို့ ဖျက်ကြတယ်။
အတွေး ခေါင်းပါး လွန်းလှတယ်။
မြန်မာ့ မျိုးရိုး ၊ ပြာပုံတိုးဖို့
ရုပ်ဆိုး ကြည်းတန် ၊ နင်တို့ကြံလျက်
မြေခံ ကတုတ် ၊ ဘာမဟုတ်လို့
စိတ်ယုတ်မာ မွေး တွေးကြတယ်။
ဘာသာရေး ကို ဖျက်ဆီးတယ်။
နင့် သား သမီး ၊ ဘယ်မှာကြီးကွယ့်
နင်ကြီး လာတာ ၊ ဘယ်မြေမှာကွယ့်
ဩဇာ ကျွန်ခံ ၊ နင်ရှက်ရန်က
မှန်ရှေ့ ရပ်ကာ ၊ နင့်မျက်နှာကြည့်
ရာဇဝင် ရိုင်း ၊ နင့်သမိုင်းတွက်
ကိုင်းရှိုင်း မျိုးနွယ် ၊ နင်၏နယ်ကို
ကာကွယ် စောင့်ရှောက် ၊ မပံ့ထောက်ဘဲ
ဖောက်သည့် သစ္စာ ၊ ငါရင်နာသည်။
နင်ဟာ လှိုက်စား ၊ ပိုးလောက်လားသို့
မိသားစု တွင်း ၊ လည်မြိုနင်းသည့်
လက်ရင်း ဖျက်ဆီး ၊ ဘာခြုံပြီး လို့
တစ်နည်း သူစိမ်း ၊ အိမ်ထောင်ထိန်း၏
မီးငြိမ်း ဩဇာ ၊ နင့်ပါဝါကို
ရင်နာ မဆုံး ရှိလှသည်။
ပြည်ရွာ ညှိုးချုံး ဖြစ်ရသည်။
နင်ဟာ မျိုးတုန်း သတ်တော့မည်။ ။
" သစ်ရိပ်ညို "
ဆို့နင့် စည်တီး ၊ မြန်ပြည်ကြီးဝယ်
လက်နှီး မိတ်စ ၊ မျိုးဖျက်ကြမည့်
စောင်းထ ဖယ်ဖြို ၊ ရန်မူလိုလျက်
ကျောင်းကို ဘာလို့ ဖျက်ကြတယ်။
အတွေး ခေါင်းပါး လွန်းလှတယ်။
မြန်မာ့ မျိုးရိုး ၊ ပြာပုံတိုးဖို့
ရုပ်ဆိုး ကြည်းတန် ၊ နင်တို့ကြံလျက်
မြေခံ ကတုတ် ၊ ဘာမဟုတ်လို့
စိတ်ယုတ်မာ မွေး တွေးကြတယ်။
ဘာသာရေး ကို ဖျက်ဆီးတယ်။
နင့် သား သမီး ၊ ဘယ်မှာကြီးကွယ့်
နင်ကြီး လာတာ ၊ ဘယ်မြေမှာကွယ့်
ဩဇာ ကျွန်ခံ ၊ နင်ရှက်ရန်က
မှန်ရှေ့ ရပ်ကာ ၊ နင့်မျက်နှာကြည့်
ရာဇဝင် ရိုင်း ၊ နင့်သမိုင်းတွက်
ကိုင်းရှိုင်း မျိုးနွယ် ၊ နင်၏နယ်ကို
ကာကွယ် စောင့်ရှောက် ၊ မပံ့ထောက်ဘဲ
ဖောက်သည့် သစ္စာ ၊ ငါရင်နာသည်။
နင်ဟာ လှိုက်စား ၊ ပိုးလောက်လားသို့
မိသားစု တွင်း ၊ လည်မြိုနင်းသည့်
လက်ရင်း ဖျက်ဆီး ၊ ဘာခြုံပြီး လို့
တစ်နည်း သူစိမ်း ၊ အိမ်ထောင်ထိန်း၏
မီးငြိမ်း ဩဇာ ၊ နင့်ပါဝါကို
ရင်နာ မဆုံး ရှိလှသည်။
ပြည်ရွာ ညှိုးချုံး ဖြစ်ရသည်။
နင်ဟာ မျိုးတုန်း သတ်တော့မည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment