မြန်မာနိုင်ငံတော်

" မြန်မာနိုင်ငံတော် "

(မြေယာ) ဋ္ဌာန ၊ (အစိုးရ) နှင့်
ပြည့်ဝ (အာဏာ) ၊ တို့ပြည်ရွာ ဝယ်
များစွာ (ပြည်သူ) ၊ လေးဝ မူလျှင်
ရည်တူ မြင်မြော် ၊ နိုင်ငံတော် ဟု
ခေါ်ယူ သမုတ် ၊ အနှစ် ချုပ်တည့်။

ပြည်သူတို့မှာ ၊ ကိုးကွယ်ရာနှင့်
မြေယာ ပိုင်စိုး ၊ နိုင်ငံမျိုး ရှင့်
အစိုးရ စွာ ၊ အုပ်ချုပ် ကာဖြင့်
အာဏာ ရှိပေ ၊ ဥပဒေ နှင့်
တိုင်းပြေပြည်ကျော် ၊ နိုင်ငံတော်တည့်။

ကိုးကွယ်ရာ ကျူး ၊ မြေယာ ကျူး၍
ကြီးမှူး စိုးရ ၊ အာဏာ ပြလျက်
ထိရှ ရန်လို ၊ လွှမ်းမိုး လိုတော့
သပ်လျှို သွေးခွဲ ၊ ပြည်တွင်း ထဲသို့
စစ်ပွဲ ပူအေး ၊ ဖန်တည်းပေး တည့်။

ချင့်တွေး ပြည်သူ ၊ မြဲကြည်ဖြူ သည့်
ရည်တူ ယှဉ်တွဲ ၊ မပြိုကွဲ ဖို့
လက်တွဲ ညီညီ ၊ တို့တိုင်းပြည်ဝယ်
ခန့်တည် ချုပ်ခြာ ၊ ရေးသုံးဖြာကို
ထိန်းပါ သက်ပေး ၊ သွေးနှင့်ရေး တည့်။

အမျိုးသားရေး ၊ ငြိမ်းချမ်းရေးတွက်
ချစ်တေး သံပြိုင် ၊ ပြည့်မဏ္ဍိုင် ကို
မယိုင် မလဲ ၊ လက်ချင်းတွဲ၍
အမြဲ ကျစ်လျစ် ၊ အမျိုး ချစ်သည့်
မျိုးချစ် စိတ်ဓာတ် ၊ ရင်ခြင်း ကပ်တည့်။

မြတ်သော နှလုံး ၊ ပုလဲကုံး သို့
သီကုံး ပန်းသွင် ၊ စိတ်အစဉ်ဝယ်
သွင်သွင် စီးမျော ၊ နဒီကြော နှယ်
ရှုမော ဖွယ်ရာ ၊ တို့ပြည်ရွာ တွင်
သာယာချင်စမ်း ၊ သာချင်စမ်းဘိ
လင်းစမ်း ပါကွဲ့ နိုင်ငံတော်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်