မင်္ဂလာပါအိုလူသား

" မင်္ဂလာပါအိုလူသား "

တောင်တန်းကြီးတွေ သစ်ပင်တွေ
မိုးကောင်းကင်ဆီ ဦးတိုက်နေ။

အေးချမ်းပါစေ မေတ္တာစစ်
အမုန်းများကို သူရပ်ပစ်။

ပင်လယ်မြစ်ချောင်း ကန်ရေတွေ
မိုးကောင်းကင်ကို မော့ကြည့်နေ။

မေတ္တာရေကြည် ရောင်ပြန်ဟပ်
အမုန်းတရား ကင်းသည့်ဓာတ်။

မေတ္တာဓာတ်နှင့် နေသူတွေ
မိုကောင်းကင်လို အေးချမ်းပေ။

တောတောင်ရေမြေ သစ်ပင်များ
အမုန်းဓာတ်ကို ပစ်ပယ်ထား။

ပန်းလေးများလည်း ဖူးပွင့်ဝေ
မိုးကောင်းကင်အောက် ပျော်ရွှင်နေ။

ကုန်းနေရေနေ သက်ရှိများ
မုန်းတဲ့စိတ်တွေ ပျောက်စေသား။

သဘာဝအား ချစ်တတ်စေ
မိုးကောင်းကင်လို နေပါလေ။

ကမ္ဘာမြေက အိုလူသား
မုန်းတီးမှုတွေ ရပ်စို့လား။

ကြင်နာတရား လက်ကိုင်ထား။
မင်္ဂလာပါ အိုလူသား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်