ဖြစ်ကြပြန်ပြီ
" ဖြစ်ကြပြန်ပြီ " ဆို့နင့် စည်တီး ၊ မြန်ပြည်ကြီးဝယ် လက်နှီး မိတ်စ ၊ မျိုးဖျက်ကြမည့် စောင်းထ ဖယ်ဖြို ၊ ရန်မူလိုလျက် ကျောင်းကို ဘာလို့ ဖျက်ကြတယ်။ အတွေး ခေါင်းပါး လွန်းလှတယ်။ မြန်မာ့ မျိုးရိုး ၊ ပြာပုံတိုးဖို့ ရုပ်ဆိုး ကြည်းတန် ၊ နင်တို့ကြံလျက် မြေခံ ကတုတ် ၊ ဘာမဟုတ်လို့ စိတ်ယုတ်မာ မွေး တွေးကြတယ်။ ဘာသာရေး ကို ဖျက်ဆီးတယ်။ နင့် သား သမီး ၊ ဘယ်မှာကြီးကွယ့် နင်ကြီး လာတာ ၊ ဘယ်မြေမှာကွယ့် ဩဇာ ကျွန်ခံ ၊ နင်ရှက်ရန်က မှန်ရှေ့ ရပ်ကာ ၊ နင့်မျက်နှာကြည့် ရာဇဝင် ရိုင်း ၊ နင့်သမိုင်းတွက် ကိုင်းရှိုင်း မျိုးနွယ် ၊ နင်၏နယ်ကို ကာကွယ် စောင့်ရှောက် ၊ မပံ့ထောက်ဘဲ ဖောက်သည့် သစ္စာ ၊ ငါရင်နာသည်။ နင်ဟာ လှိုက်စား ၊ ပိုးလောက်လားသို့ မိသားစု တွင်း ၊ လည်မြိုနင်းသည့် လက်ရင်း ဖျက်ဆီး ၊ ဘာခြုံပြီး လို့ တစ်နည်း သူစိမ်း ၊ အိမ်ထောင်ထိန်း၏ မီးငြိမ်း ဩဇာ ၊ နင့်ပါဝါကို ရင်နာ မဆုံး ရှိလှသည်။ ပြည်ရွာ ညှိုးချုံး ဖြစ်ရသည်။ နင်ဟာ မျိုးတုန်း သတ်တော့မည်။ ။ " သစ်ရိပ်ညို "